မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး Mask Campaignပြုလုပ်

မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး Mask Campaignပြုလုပ်

မော်လမြိုင်  စက်တင်ဘာ  ၂၅

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာအဆင့် စာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက   မော်လမြိုင်မြို့ အမှတ်(၆)   အခြေခံပညာအလယ်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်   အများပြည်သူများက ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိ သူများအား စာသင်ကျောင်း ပရိဝုဏ်အတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေး အလေးထား ဆောင်ရွက်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအကျိုးပြုလုပ်ငန်းများကို အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြရန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်  မြိုင်သာယာဈေး၌   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် တာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ Mask Campaign ပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။