(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးရှိ တိုးချဲ့(၅)ထပ်ဆောင်သစ် ဖွင့်လှစ်

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးရှိ တိုးချဲ့(၅)ထပ်ဆောင်သစ် ဖွင့်လှစ်

နေပြည်တော် ၊ စက်တင်ဘာလ ၂၈ရက်

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ (၅)ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းဖေ တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုးချဲ့(၅)ထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံရှေ့တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် ကမ္မည်းမော်ကွန်းကို အမွှေးအနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယနေ့ဖွင့်လှစ်သည့် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅)ထပ် ဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦးအထူးအဖွဲ့(၁၀)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ၁ဝဝ ရာခိုင်နှုန်း လုပ်ငန်း ပြီးစီးခဲ့ကာ စုစုပေါင်းလုပ်ငန်း တန်ဖိုးမှာ ငွေကျပ် ၉၁၈၀ ဒသမ ၄၃၉ သန်း ဖြစ်သည်။ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင်သစ် ဖွင့်လှစ်လိုက်ခြင်းဖြင့် မုံရွာဒေသခံ ပြည်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရုံသာမက မုံရွာမြို့ရှိ သူနာပြု/ သားဖွား သင်တန်းကျောင်းမှ သင်တန်းသူများ၊ ပြည်သူ့ဆေးရုံကြီး မုံရွာမြို့တွင် ဖွင့်လှစ်ထားရှိသည့် ဆေးဘက်ကျွမ်းကျင် ဓာတ်မှန်/ဆေးစပ် သင်တန်းသားများ အတွက်လည်း သင်ကြားရေးလုပ်ငန်းများတွင် အထောက်အကူ ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေပြီး ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ လုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံ ကုစားဆောင်ရွက်လျက်ရှိရာမှာ ကျန်းမာရေးအပိုင်းတွင်လည် ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများ တီဘီ၊ HIV၊ ဌက်ဖျား၊ သွေးလွန်တုတ်ကွေစသည့် ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ ပြည်သူ့ဆေးရုံများ၌ ကင်ဆာရောဂါ ကုသမှုများ အပါအဝင် ပုံမှန်ဆေးကုသရေးလုပ်ငန်းများအင်းအာဖြည့် ဆောင်ရွက်နိုင်ရေး အတွက်လုံလောက်သောရန်ပုံငွေသုံးစွဲကာဆေးဝါများဖြည့်ဆည်းခြင်း၊ စက်ကိရိယာ များဖြည့်ဆည်းခြင်းတို့ကို အားဖြည့်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ဆေးရုံများ အဆင်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ကျန်းမားရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်ရေးရည်မှန်ချက်များကို အကောင်းထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ဆေးရုံပေါင်း (၁၁၇၈)ရုံရှိသည့်အနက် ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီး(၁၃)ရုံတွင် ပြည်သူ့ဆေးရုံကြီး မုံရွာမြို့ပါဝင်လျက်ရှိသည်။

ယခုတိုးချဲ့(၅)ထပ်ဆောင်တွင် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ရောဂါဗေဒဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ်ခန်း(၅)ခန်း၊ အထူးကြပ်မတ်ကုသဌာန၊ အစာအိမ်အူလမ်း ကြောင်း မှန်ပြောင်ကြည့်ဌာန၊ အရိုအကြောအဆစ် ပြန်လည်သန်စွမ်းရေးဌာန၊ ဖျားနာဆောင်၊ ကင်ဆာဆေးပညာဌာန၊ ဓာတ်လှေကာ(၂)စီးပါဝင်သည့် ခေတ်မှီ အဆောက်အဦးတစ်ခု ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားပြီး မုံရွာမြို့ရှိ ဆေးရုံဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ ပေးအပ်သည်။ ၎င်းနောက် ဆေးရုံအုပ်ကြီးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေးပြပွဲနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအားတက်ရောက် ကြည့်ရှုအား ပေးသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး အစည်း အဝေးခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေကြာ မျိုးစေ့များ၊ ပိုးသတ်ဆေးဗူးများ၊ Gypsum ကျောက်မှုန့်မြေသြဇာများနှင့် ရွတ်ဖျန်း မြေသြဇာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်တာဝန်ရှိသူများသည် နေ့လည်ပိုင်းတွင် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အား သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက တက်ရောက်ကုသနေသော လူနာအခြေအနေများအား လိုက်လံရှင်းပြသရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးရုံတက်ရောက် ကုသနေသောလူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြောင်း သတင်းရရှိသည်။