ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အတွက်  ဝင်ခွင့်လူတွေ့ နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေး နှိုးဆော်ခြင်း

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အတွက်  ဝင်ခွင့်လူတွေ့ နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေး နှိုးဆော်ခြင်း

(၂၀၂၂)ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများ အနက် (၃၀-၉-၂၀၂၂)ရက်နေ့တွင် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်၌ ပြုလုပ်မည့် ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများစာရင်းနှင့် ခုံအမှတ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website,  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ Website, ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊  အဆင့်မြင့်ပညာဦးစီးဌာန   Website,  လျှောက်လွှာ လက်ခံသော တက္ကသိုလ်(၂၆)ခုတို့တွင် ကြေညာထားပြီးဖြစ်ပါ၍ ကြေညာချက်ပါ အချက်အလက်များကို သေချာစွာဖတ်ရှုပြီး ဝင်ခွင့် လူတွေ့နှုတ်မေးစာမေးပွဲသို့ လာရောက်ဖြေဆိုရန် ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

 (၂၈-၉-၂၀၂၂)