မက်မန်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၂၉

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သွားရောက် တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

          ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့ရှိ အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။