နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မင်းကင်းမြို့နှင့် ကလေးဝမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများ ပြည်သူများအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၉

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဉီးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မင်းကင်းမြို့ရှိ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးရှိ မင်းရာဇာခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများပြည်သူများအား သွားရောက်တွေ့ဆုံသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မင်းကင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌက နယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့ရှိ ရွှေမုဌော ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ အမှူးပြုသော သံဃာတော်များအား သွားရောက် ဖူးမြော်ကြည်ညိုပြီး   လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံး အဖွဲ့ရုံးရှိ အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများပြည်သူများအား တွေ့ဆုံအမှာစကား ပြောကြားသည်။ ယင်းနောက် ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌက နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များမှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။