KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်း လိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးကို လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်း လိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးကို လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ စက်တင်ဘာ - ၃၀

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများ ဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

      သို့သော် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက် ဆိုင်သည့် အများပြည်သူများကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲ ဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုး အစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်းသက် ခြင်းလုပ်ငန်းစဉ်များအတိုင်း လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လူမဆန်စွာ ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။