သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တောင်ယာတဲအတွင်း၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား PDF အမည်ခံအကြမ်းဖက် အဖွဲ့များက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တောင်ယာတဲအတွင်း၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား PDF အမည်ခံအကြမ်းဖက် အဖွဲ့များက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ အောက်တိုဘာ - ၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ နေထိုင်လျက်ရှိသော  မိသားစုအား စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် (၅)နှစ်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မင်းကုန်းကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း၊ သားဖြစ်သူ အသက်(၅)နှစ်အရွယ် မောင်ဆန်းသစ်အောင် တို့ ရှိနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများ ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ အကြောင်းမဲ့သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးရင်မောင် နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း တို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး အသက် (၅)နှစ်အရွယ် မောင်ဆန်းသစ်အောင် မှာ လက်ဖျံနှင့် လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ များ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ အေးချမ်းစွာနေထိုင်သော မိသားစုအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။