စစ်ကိုင်းတိုင်းဒေသကြီး၊ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ အောက်တိုဘာ -

     NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့်  ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

      ထို့သို့ပြုလုပ်ဆောင်လျက်ရှိရာ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်း ပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁ ရက်တွင် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ဒေသန္တရ လက်လုပ်မိုင်း မျိုးစုံ ၃၂ လုံးတို့အား ထပ်မံရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး  အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

      အလားတူ ရေဦးမြို့နှင့် ရွှေဘိုမြို့သွား ကားလမ်းမကြီး တစ်လျှောက် စက်တင် ဘာလ ၂၁ ရက်မှ ၂၅  ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ် လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ် ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့သည်။

     ယခုကဲ့သို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါလမ်းများ တစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်း တည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။