နိုင်ငံတော်မှ ပြည်တွင်းအဝတ်အထည် ကဏ္ဍ ဖူလုံစေရေးအတွက် ဝါအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး ကူညီပံ့ပိုးဖြည့်ဆည်း ပေးလျက်ရှိ

နိုင်ငံတော်မှ ပြည်တွင်းအဝတ်အထည် ကဏ္ဍ ဖူလုံစေရေးအတွက် ဝါအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး ကူညီပံ့ပိုးဖြည့်ဆည်း ပေးလျက်ရှိ

နေပြည်တော်  အောက်တိုဘာ 

ပြည်သူများအတွက် အခြေခံလိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း၌ ပိုမို ထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက်  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းကရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့နယ် မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် တို့ရှိ သီရိစန္ဒာ အထည်ချုပ်နှင့် အထွေထွေ သမဝါယမလုပ်ငန်း လီမိတက်နှင့် Family United Power Co., Ltd.၊ အထည်ချုပ် လုပ်ငန်း၊ Myanmar Integrated Commu-nication and Trading Co.,Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

စက်ရုံများအား ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်မှ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဝတ် အထည်များသည် ပြည်သူများမွေးဖွားစဉ်မှ သေဆုံးသည်အထိ အသုံးပြုရသည့် ပစ္စည်းများဖြစ်၍ ပြည်ပမှ တင်သွင်းရမှု လျှော့ချနိုင်ရေးအတွက်  လုပ်ငန်းများချဲ့ထွင်၍ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် စေလိုကြောင်း၊ စက်ရုံများအနေဖြင့်  လူနေထူထပ်သည့် မြို့ပြဧရိယာအတွင်း တည်ရှိ၍  ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်  အလေးထား ဆောင်ရွက်ရန်လိုကြောင်း။

 နိုင်ငံတော်မှ ပြည်တွင်းအဝတ်အထည် ကဏ္ဍဖူလုံစေရေး အတွက် ဝါအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစုများ ရရှိရေး၊ စိုက်ပျိုးနည်း ပညာများရရှိရေး ကူညီပံ့ပိုးဖြည့်ဆည်းပေး လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့နေရသည့်  အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြမှသာ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများမှ ရရှိသည့် အမြတ်အစွန်းအချို့ကိုလည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေး လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုစေလိုကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများအလိုက် အသိအမှတ်ပြု လက်မှတ်များ ရရှိအောင်  စီမံဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းမှာကြားပြီး စက်ရုံအသီးသီး၌ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်နေမှုတို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။