စမတ်ဖြစ်တဲ့အိမ်အတွက် လိုအပ်မယ့် Home Pod

စမတ်ဖြစ်တဲ့ အိမ်တစ်လုံးဖြစ်ဖို့အတွက် လုပ်ဆောင်ချက်တချို့ကို အသံနဲ့ခိုင်းစေနိုင်မှုကလည်း မရှိမဖြစ်ပါ ဝင်ပါတယ်။ ဒီလိုအပ်မှုအတွက် အခုနောက်ဆုံး ဖြည့်ဆည်းပေးမှာက Apple Home Pod ပါပဲ။

Apple ဟာ အောက်တိုဘာ ၁၃ ရက်မှာ သူတို့ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ Home Pod Mini နဲ့ iPhone တွေကို ကြေညာသွားပါတယ်။ Apple Home Pod Mini ဟာ S5 chip ကိုအသုံးပြုထားတဲ့အတွက် ကိုယ့်ရဲ့ သီချင်း သံတွေဟာ အပြောင်းအလဲမရှိ တစ်သမတ်တည်းဖြစ်နေစေဖို့ ၃၆၀ ဒီဂရီပတ်လည် အသံထွက် စနစ်ကို ထောက်ပံ့ပေးမှာပါ။

အိမ်တစ်လုံးထဲမှာပဲ Home Pod တွေရှိတယ်ဆိုရင်လည်း တစ်လုံးနဲ့တစ်လုံးက အလိုအလျောက် ချိတ်ဆက် ပြီး တစ်ခန်းနဲ့တစ်ခန်း အပြန်အလှန် စကားပြောနိုင်ပါတယ်။ တစ်ခန်းထဲမှာပဲ Home Pod နှစ်လုံးကို ထားတယ်ဆိုရင်တော့ သူတို့အချင်းချင်းချိတ်ဆက်ပြီး အလွန်ကောင်းမွန်တဲ့ အသံထွက်ကိုထုတ်လုပ်ပေးမှာပါ။ ဒါ့အပြင် ကိုယ့် iPhone သာအနားမှာရှိတယ်ဆိုရင် Home Pod ကချိတ်ဆက်ပြီး အသံ လက်ထောက်ဖြစ်တဲ့  Siri ကို လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလို အသုံးပြုနိုင်ခြင်းအားဖြင့် ဖုန်းခေါ်ဆိုမှုတွေ၊ အပလီကေးရှင်း အသုံးပြုမှုတွေအပြင် တခြားကိုယ်ရေး ကိုယ်တာသိချင်တဲ့ အချက်အလက်တွေကိုလည်း ပြောပြပေးနိုင်မှာပါ။ သတ်မှတ်ရောင်းဈေး အမေရိကန် ဒေါ်လာ ၉၉ ဒေါ်လာသာကျသင့်တဲ့ Home Pod mini ကိုတော့ အဖြူရောင်နဲ့မီးခိုးရောင်ဆိုပြီး အရောင် နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

နွေဉီး