ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး  ချောက်ခရိုင်  ရေနံချောင်းမြို့နယ်   ရေနံချောင်းတက္ကသိုလ်၌  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်   သစ်ပင်စိုက်ပျိုးပွဲကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရေနံချောင်း တက္ကသိုလ်ပါမောက္ခချုပ်    ဆရာမကြီးဒေါက်တာ ချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ ယဉ်ယဉ်အေးနှင့် သင်ကြား\စီမံ ပါမောက္ခဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများက ရေနံချောင်းတက္ကသိုလ် ကျောင်းတော် ပရဝဏ်သန့်ရှင်းသာယာလှပစေရေး တက္ကသိုလ်ကျောင်းရှေ့မျက်နှာစာရှိ ပန်းအိုးများတွင် နီယွန်ပင်များကိုလည်းကောင်း၊ တက္ကသိုလ်အားကစားရုံရှေ့မျက်နှာစာတွင် ရင်းမာပင်များကိုလည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။

                     မောင်ညီညာ