အိမ်လုံခြုံရေးအတွက် လေပေါ်ပျံဝဲ ထောက်လှမ်းပေးမယ့် ကင်မရာ

ယနေ့ခေတ်မှာ လူအများအပြားက နေအိမ်တွေ၊ အဆောက်အအုံတွေ လုံခြုံရေးအတွက် တစ်နေရာတည်းမှာပဲ အသေတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကိုသာ အသုံးပြုကြပါတယ်။ ဒါကိုတစ်ခေတ်ဆန်းသစ်လိုက် တာကတော့ Ring Always Home Cam လုံခြုံရေး ဒရုန်းကင်မရာပါပဲ။

သူက ကိုယ့်ရဲ့ နေအိမ်အဆောက်အအုံတစ်ခုလုံးကို လှည့်လည်ပျံသန်းပြီး ကင်းလှည့်ပေးနိုင်ပါတယ်။ ဒီလို   ပျံသန်းနေစဉ် တစ်လျှောက်လုံးမှာလည်း ဗီဒီယိုရိုက်ကူးထားနိုင်ပါတယ်။ တကယ်လို့ အိမ်ရှင်က အဝေးရောက် နေတယ်ဆိုရင် ဖုန်းထဲမှာရှိတဲ့ Ring အပလီကေးရှင်းကနေ စောင့်ကြည့်နိုင်ပါသေးတယ်။ ဒီလိုအိမ်ရှင်က အဝေးရောက်နေတယ်ဆိုရင် တစ်စုံတစ်ယောက်က သတ်မှတ်ထားတဲ့ အာရုံခံကိရိယာနားကိုရောက်လာ တဲ့အခါ ဒရုန်းကင်မရာက အဲဒီနေရာကိုသွားရောက်ထောက်လှမ်းပြီး အိမ်ရှင်ဆီကို အချက်အလက်တွေပေး ပို့တာပါ။

အဲဒီဒရုန်းကို တခြားအရာဝတ္ထုတွေနဲ့ ထိခိုက်မှုမရှိစေတဲ့ နည်းပညာအသုံးပြုနိုင်တာကြောင့် ဘယ်အရာကိုမှ မတိုက်မပြုဘဲ နေရာကျဉ်းကျဉ်းလေးတွေကိုတောင်မှ ဝင်ရောက်ထောက်လှမ်းနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က ထိန်းချုပ်ထားသည့်တိုင် သူကကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ပျံသန်းပါလိမ့်မယ်။ ဒါမှသာ တချို့ရဲ့ပုဂ္ဂိုလ်ရေးတွေကို ဝင်ရောက်မစွက်ဖက်နိုင်မှာ ဖြစ်ပါတယ်။

နွေဉီး