PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့အတွင်း ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရရှိ၊ အမျိုးသား ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့အတွင်း ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရရှိ၊ အမျိုးသား ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်း   PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

          ဖြစ်စဉ်မှာ ယနေ့ညနေပိုင်းတွင်မုံရွာမြို့အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး တို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းတာဝန်ထမ်းဆောင်လျက်ရှိရာ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် နန္ဒဝန်ရပ်ကွက်အတွင်းသို့ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက AD Van အမျိုးအစား မော်တော်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ် ထွက်ပြေးသွား ခဲ့ကြောင်း၊ ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် နန္ဒဝန်ရပ် ကွက်အတွင်းရှိ သံဃာတော် ၁ ပါးတွင် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ဒဏ်ရာရရှိခဲ့သူများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိပြီး သေဆုံးမှုနှင့် ပတ်သက်၍ မုံရွာမြို့၊ မြို့မရဲစခန်း၌ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုကဲ့သို့ သံဃာတော်အပါအဝင် အရပ်သားပြည်သူများ ထိခိုက် သေဆုံးသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ရှာဖွေစစ်ဆေးလျက်ရှိကြောင်းနှင့် သတင်းရရှိသည်။