ငါးခြောက်ကုန်ကြမ်းရရှိမှု နည်းသည့်အတွက် လက်ကျန်ငါးခြောက်များကိုသာ ရောင်းချလျက်ရှိ

ငါးခြောက်ကုန်ကြမ်းရရှိမှု နည်းသည့်အတွက် လက်ကျန်ငါးခြောက်များကိုသာ ရောင်းချလျက်ရှိ

ပြည်တွင်း၌ ငါးခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးခြောက်ကုန်ကြမ်းရရှိမှုနည်း သည့်အတွက် ယခင်လက်ကျန်ငါးခြောက်များကိုသာ ရောင်းချလျက်ရှိကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ  တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရ သိရသည်။

ငါးခြောက်    ထုတ်လုပ်သူများသည် လက်ရှိတွင်  ငါးခြောက်ပြုလုပ်သည့်  ငါး ကုန်ကြမ်းရရှိမှု နည်းသည့်အပြင် မွေးမြူရေးငါးတန်သည်လည်း ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ သာ ရှိသော်လည်း လက်ရှိတွင် ငွေကျပ် ၆၀၀၀ ခန့်ရှိသည့်အတွက် ရန်ကုန်မြို့ရှိ ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူ တချို့သည်    ယခင်လက်ကျန်ငါးခြောက်များကိုသာ ရောင်းချနေခြင်းဖြစ်သည်။

ငါးတန်သည် မွေးမြူရေးငါးဖြစ်သည့်အတွက်  ကုန်ကြမ်းပြတ်လပ်မှုမရှိသော်လည်း  ငါးတန်ဈေးနှုန်း မြင့်တက်နေသဖြင့် ငါးခြောက်ထုတ်လုပ်မှု ရပ်နားထားခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ငါးခြောက်ပွဲရုံတချို့၌  အအေးခန်းများနှင့်  ကုန်ကြမ်းများသိုလှောင်ထားရာမှ ထွက်ရှိသည့် ငါးခြောက်များသာ ရောင်းချနေရသည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည်    ငါးပိငါးခြောက်များကို ရန်ကုန်မြို့ရှိ   ဈေးကြီးများ၌  ဖြန့်ဖြူးရောင်းချသည့်အပြင် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။   

   စောယု