အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC) နှင့် အာဖရိကဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး(CCJA) ပူးတွဲညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး ကမ္ဘာ့ညီလာခံ (WCCJ)  (၅)ကြိမ်မြောက်ညီလာခံကျင်းပ

အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC) နှင့် အာဖရိကဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး(CCJA) ပူးတွဲညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး ကမ္ဘာ့ညီလာခံ (WCCJ)  (၅)ကြိမ်မြောက်ညီလာခံကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၆

အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC)နှင့် အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်ရေး (CCJA) ပူးတွဲညီလာခံကို အောက်တိုဘာ ၄ ရက်ကစတင်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ Online မှ တက်ရောက်ခဲ့သည်။

အဆိုပါ ပူးတွဲညီလာခံကို “Promoting Asian-African Cooperation for the Protection of People's  Fundamental Rights” ခေါင်းစဉ်ဖြင့်  ကျင်းပခြင်းဖြစ်ပြီး ပူးတွဲညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ ၁၆  နိုင်ငံနှင့် CCJA အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ခုံရုံး/ကောင်စီများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြပြီး AACC အဖွဲ့ဝင်နိုင်ငံများနှင့် CCJA အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေပညာရှင်များက စာတမ်းများဖတ်ကြား၍ အသိအမြင်နှင့် အတွေ့အကြုံ ဗဟုသုတများကို  ဖလှယ်ခဲ့ကြသည်။

ထို့အတူ အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိကျင်းပသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားစီရင်ရေး ကမ္ဘာ့ညီလာခံအသင်း(WCCJ)၏ (၅)ကြိမ်မြောက်ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံ ရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ဆက်လက် တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံကို “Constitutional Justice and Peace” ခေါင်းစဉ်ဖြင့်   ကျင်းပရာ  WCCJ အဖွဲ့ဝင် နိုင်ငံပေါင်း ၉၈  နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး/ခုံရုံး/ကောင်စီတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များမှ ဥပဒေပညာရှင်များ တက်ရောက်ကြပြီး အသိအမြင်အတွေ့အကြုံ ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။