အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် မိုင်းနောင် တပ်နယ်အသင်းက ဒိုင်းဆုရရှိ

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် မိုင်းနောင် တပ်နယ်အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၇

          အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ ဒိုင်းဆုအား မိုင်းနောင်တပ်နယ်အသင်းက ရရှိသွားကြောင်း သိရှိရသည်။

          အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများ၊ အသင်းလိုက်ဆုများ၊ ဒိုင်းဆုရရှိသော မိုင်းနောင်တပ်နယ်အသင်းအား တိုင်းမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဒိုင်းဆုတို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။