မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၇ ရက်

                   ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ ဆရာ၊ ဆရာမများက ဒို့ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မွန်ပြည်နယ်ပညာရေးမှူးက ဖတ်ကြားသည်။

          ၎င်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဆုရရှိသူ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဆရာ၊ ဆရာမများက မြတ်ဆရာ သီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ သီဆိုဖျော်ဖြေခဲ့ကြသည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။