၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် အောက်တိုဘာ ၁၀

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ နေပြည်တော်မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမနှင့် လေ့ကျင့်ရေး ဇာတ်ရုံတို့၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနား ကျင်းပပုံများကို အောက်တိုဘာ ၁၁ ရက်(ယနေ့)နံနက် ၈ နာရီ မိနစ် ၅၀ မှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MWD ၊ MWD Variety ၊ MITV ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FMတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။