စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၁

          ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ လောကနန္ဒာစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့ရှိ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒာသိရီ အမှူးပြု သော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်ရင်း/ တပ်ဖွဲ့မှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်ဩဝါဒစရိယ စစ်တွေ မြို့ရှိ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်က ပရိတ်/ပဋ္ဌာန်းဒေသနာတော်နှင့် ပတ်သက်၍ ဩဝါဒကထာ မိန့်ကြားသည်။ ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် စစ်တွေမြို့၊ ဒက္ခိဏရာမကျောင်းတိုက်ပဓာနနာယက ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့်ဂါထာတော် ဖြင့် ဘုရားရှင်အား ပင့်လျှောက်ပြီး အဆိုပါကျောင်းတိုက်မှ စာချဆရာတော် ဘဒ္ဒန္တ တေဇသီရိ က ပဋ္ဌာန်းအမွှမ်းဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ အလှည့်ကျဆရာတော်က မြတ်ပဋ္ဌာန်းဒေသနာတော်အား စတင်ရွတ်ဖတ်ပူဇော်သည်။

          အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၁၅ ရက်အထိ  ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။