စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အတွင်း တရားမဝင် လောင်းကစားပြုလုပ်နေသူများ အားဖမ်းဆီးရမိ

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အတွင်း တရားမဝင် လောင်းကစားပြုလုပ်နေသူများ အားဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ - ၁၁

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အတွင်း တရားမဝင်  လောင်းကစားဝိုင်းများ ပြုလုပ်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အောက်တိုဘာ ၇ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အတွင်း ကြက်ဝိုင်း/ဖဲဝိုင်း လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သတင်းအရ အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေခန့်ရှိ လောင်းကစားရုံအတွင်း လောင်းကစားပြုလုပ်နေသူများ ကိုတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရန် ဆောင်ရွက်စဉ် လောင်းကစားပြုလုပ်နေသူ အချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ရန်ပြုတိုက်ခိုက်သူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၇ ဦးဖမ်းဆီးရမိခဲ့ကာ လောင်းကစားပြုလုပ်ရာတွင် အသုံးပြု သည့် မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၄၁ စီး၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် ငွေအချို့သိမ်းဆည်း ရမိခဲ့သည်။

          ဖမ်းဆီးရမိသူများအား စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော် ဆေးရုံ၌ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။