အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အား အလုံးစုံ ပျက်သုဉ်းရေး၊ အစိုးရအုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လျှပ်စစ် ဓာတ်အားလိုင်းများ၏ တာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ၊ မီး

အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အား အလုံးစုံ ပျက်သုဉ်းရေး၊ အစိုးရအုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လျှပ်စစ် ဓာတ်အားလိုင်းများ၏ တာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး

နေပြည်တော် အောက်တိုဘာ ၁၁

CRPH နှင့် CRPH အမည်ခံအကြမ်းဖက်အဖွဲ့များသည်   အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊  ပုဂ္ဂလိကပိုင် ဘဏ်များ၊ ဌာနဆိုင်ရာ ရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊   ပုဂ္ဂလိကပိုင် ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်းတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်မီး ရရှိရေးအတွက် အဖက်ဖက်မှ ကြိုးပမ်း ဆောင်ရွက်နေမှုများ အပေါ် PDFအမည်ခံ အကြမ်းဖက်သမားများက လျှပ်စစ် ဓာတ်အားလိုင်းများ၏ တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း  စသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ယနေ့ အထိ ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်း၏ တာဝါတိုင် ၁၉ တိုင်နှင့် ၂၃၀ ကေဗွီနှင့် ၁၃၂ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းတို့၏  တာဝန်တိုင် ၄၅ တိုင်တို့ ပျက်စီး ဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

(ဇယားဖော်ပြရန်)

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးမှ တစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးများ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများပါမကျန် မီးရရှိရေး ရည်ရွယ်ဆောင်ရွက်နေမှုများ အပေါ် PDF အမည်ခံအကြမ်းဖက်သမားများက ယခုကဲ့သို့ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်  တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းကာကွယ် သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကိုရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍  အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်အပ်ပါသည်။