နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်

နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၂

“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူ များအား နေကြာစိုက်ပျိုးရာတွင်အထောက်  အကူဖြစ်စေရန် ရည်ရွယ်၍ နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာ စိုက်တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာထောက်ပံ့ ပေးအပ်ပွဲကို  ယနေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာရှိ  နေကြာမျိုးစေ့ထုတ် စိုက်ခင်း၌ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ရာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်^မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေကြာစိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့်  နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့နှင့်    မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ က နေကြာစိုက်တောင်သူများအား နေကြာ မျိုးစေ့နှင့် မြေသြဇာများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၏   ဧက(၅၀) နေကြာမျိုးစေ့ထုတ် စိုက်ခင်းအား လိုက်လံကြည့်ရှုခဲ့ကာ တာဝန်ရှိသူများက နေကြာအထွက်နှုန်း ကောင်းမွန်စေရန် ဆောင်ရွက်မှု နည်းစနစ်များအား ရှင်းလင်း တင်ပြခဲ့ကြသည်။

အဆိုပါ နေကြာမျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာစိုက် တောင်သူများ အား နေကြာမျိုးစေ့နှင့် မြေသြဇာထောက်ပံ့ပေးပွဲတွင် နမ့်စန်မြို့နယ်အတွင်းရှိ  နေကြာ စိုက်တောင်သူ(၁၀၀)ဦးအတွက် နေကြာမျိုးစေ့ ကီလို(၃၀၀)နှင့် မြေသြဇာအိတ် (၁၀၀)အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။