ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန် ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး 

နေပြည်တော်၊ သြဂုတ် - ၈

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလ အတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးနှင့် အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် တာချီလိတ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တာမွေမြို့နယ်၊ အလုပ်သမားဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာမြို့နယ်နှင့် အင်းစိန်မြို့နယ် တို့ရှိ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် မအူပင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးများ၊ ဇီးကုန်းမြို့ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်က သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေ ရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။