အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ သင်တန်းသူ ၃၂၅၅ ဦးကို သင်ကြားပေးနိုင်

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ သင်တန်းသူ ၃၂၅၅ ဦးကို သင်ကြားပေးနိုင်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ် တွင်းမှု  သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာ  သင်တန်းများ အပြင်    အခြေခံလက်မှုပညာသင်တန်း၊ မုန့်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ် နည်းသင်တန်းများကို   နှစ်စဉ်   ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ    ယနေ့အထိ သင်တန်းသူ  ၃၂၅၅ ဦးကို သင်ကြားပေး နိုင်ခဲ့ကြောင်း     အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ) မှ    ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်၏ပြောကြားချက်အရ   သိရသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အိမ်တွင်းမှု   သက်မွေးလုပ်ငန်းပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် ကျေးလက် နေအမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ ကျေး လက်နေပြည်သူများ၏    အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ တတ်မြောက်ထားသော  အတတ်ပညာများကို အသုံးချ၍   မိသားစုဝင်ငွေရှာဖွေနိုင်ရေး တို့အတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်သည်။

အဆိုပါကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှု ပညာသင်တန်း၊   မုန့်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို စာတွေ့၊ လက်တွေ့စနစ်တကျသင်ကြား ပေးလျက်ရှိသည်။

ထို့ပြင်    ကျောင်းတွင်းသင်တန်းများ အပြင်    ပြင်ပအသိပညာဗဟုသုတများ တိုးပွားရရှိစေရန်  လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊    သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများ၊   ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းတို့ကို သက်ဆိုင်ရာဌာန များနှင့်   ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ  စုစုပေါင်းသင်တန်းသူ ၃၂၅၅  ဦးကို  သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။          

 ဘာမီသာ(ပခုက္ကူ)