တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြား

နေပြည်တော်  အောက်တိုဘာ  ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ  ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့မှ  အထူးဧည့်သည်တော်များ၊   NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊   ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့မှ  ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပေးပို့သည့်  ဠငိနသ နြျျေါန ကို  ဖွင့်လှစ်ပြသသည်။ (ဠငိနသ နြျျေါန ကို ရှေ့ဖုံးတွင် သီးခြားဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည် Video Message ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး  ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၇)နှစ်မြောက်  နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားသည်။

ယင်းနောက် NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် နှစ်ပတ် လည်နေ့    ကျင်းပဆောင်ရွက်ခဲ့မှုများကို အခမ်းအနားမှူးက အကျဉ်းချုံးရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ NCA လက်မှတ်ရေးထိုးစဉ်က အသိ သက်သေအဖြစ် ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည့် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား) ဦးအောင်မင်း၊ UPWC ဒုတိယဥက္ကဋ္ဌနှင့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်   ဦးသိန်းဇော်၊ ပြည်ထောင်စုရှေ့နေချုပ် (အငြိမ်းစား) ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏အလုပ် အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း တို့က ဃြဗ အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခေါင်းဆောင်များ၊ NCA လက်မှတ် ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည့် ခိုင်စိုးနိုင်အောင်(ALP)၊ ဖြားတန် ခွန်ဥက္ကာ (PNLO)နှင့် ဖဒိုရွှေမောင်း(KNU)၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ် များဖြစ်ကြသည့် ALP ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ DKBA မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ LDU ဥက္ကဌကျာဆော်လမွန်၊ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊   PNLO ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်နှင့် RCSS ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့က NCA အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ယခင် MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပြည့်စုံ၊ ဦးမောင် မောင်ငြိမ်းနှင့်  စိုင်းမျိုးသန့်တို့က  NCA အထိမ်းအမှတ်စကားများ   ပြောကြားကြသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ အား NCA  (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။