နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်  အောက်တိုဘာ  ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့်    ဒေါက်တာဗညားအောင်မိုးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပသည့်    တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး     ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို   ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အကအဖွဲ့များက အဖွဲ့လိုက် တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဝတ်စုံများ ဝတ်ဆင်၍မိမိတို့၏  ယဉ်ကျေးမှုထုံးတမ်းဓလေ့များ၊အကအလှများ၊   ရိုးသားဖြူစင်ကြသည့် တိုင်းရင်းသားလူနေမှု ဓလေ့စရိုက်များနှင့် အညာဓလေ့စရိုက်များ ပေါ်လွင်စေရန်  အချိုးအဆစ်   ညီညာပြေပြစ်စွာဖြင့် သရုပ်ဖော်ကပြယှဉ်ပြိုင်ကြသည်။

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)ရှိ    Signing Room ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲများ၊  News Briefing   Room၌   ဒုံမင်းအတီးပြိုင်ပွဲများကိုလည်း   ဆက်လက် ကျင်းပလျက်ရှိရာ  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ    ပြိုင်ပွဲဝင်များက အနုပညာရသ ပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင်    အနုသုခုမကို စိတ်ဝင်စားကြသည့် ဝါသနာရှင်များကလည်း  တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း    သိရသည်။