တိုင်းရင်းသားများပါဝင်ဆင်နွှဲ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ မြန်မာ့လက်ဆင့်ကမ်း အမွေဆက်ခံကြသည့် မျိုးဆက်သစ်တို့၏ စကားသံများ

တိုင်းရင်းသားများပါဝင်ဆင်နွှဲ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ မြန်မာ့လက်ဆင့်ကမ်း အမွေဆက်ခံကြသည့် မျိုးဆက်သစ်တို့၏ စကားသံများ

ငါးနှစ်ကျော်ကြာကျင်းပခြင်းမရှိခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခုအခါပြန်လည်ကျင်းပခွင့်ရရှိခဲ့ပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၁၆ ရက်ထိ ပြိုင်ပွဲများကို နေရာရှစ်နေရာခွဲ၍ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှုအနုပညာကို ပြန်လည်ဖော်ထုတ်ခွင့်ရရှိခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ မြန်မာ့လက်ဆင့်ကမ်းအမွေဆက်ခံကြသည့် မျိုးဆက်သစ်တို့၏ စကားသံများအား ဖော်ပြလိုက်ရပါသည်-

ဦးဌေးအောင်(အဖွဲ့ခေါင်းဆောင်-ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

နေပြည်တော်မှာကျင်းပတဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအနေနဲ့    ပြိုင်ပွဲအားလုံးအတွက် အမျိုးသား ၁၃၇ ဦး၊ အမျိုးသမီး ၁၀၅ ဦး စုစုပေါင်းပြိုင်ပွဲဝင် ၂၄၂ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။  ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ရွှေ ၇၈ ခု၊ ငွေ ၃၂ ခု၊ ကြေး ၁၅ ခု၊    နှစ်သိမ့်ဆု ၃ ခု၊  စုစုပေါင်း ၁၂၈ ခုရရှိခဲ့ပါတယ်။ ဒီလိုဆု တွေရရှိတဲ့အတွက်လည်း  ပြိုင်ပွဲဝင်များ အားလုံးလည်း ဝမ်းသာပီတိဖြစ်ရပြီး နိုင်ငံတော်ရဲ့ ချီးမြှင့်မှုအပေါ် လွန်စွာဝမ်းသာရ ပြီး ဂုဏ်ယူမိပါတယ်။     မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၁၆ ခုနှစ်ကတည်းက မကျင်းပဖြစ်တာပါ။ ဒီနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှ ဒီပြိုင်ပွဲပြန်လည်ပေါ်ပေါက်လာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအနေနဲ့  မြို့နယ်၊ ခရိုင်၊ တိုင်းတွေထိ အဆို၊ အက၊ အရေး၊ အတီးဝါသနာရှင်များကို    ထိတွေ့ဆောင်ရွက်ခဲ့ပါတယ်။     နိုင်ငံတော်အဆင့်ပြိုင်ပွဲ ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲများ ကိုလည်း အထူးကျေးဇူးတင်နေကြပါတယ်။  ဒီလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ ကို ပြန်လည်ကျင်းပပေးဖို့လိုအပ်နေတယ်လို့ နိုင်ငံတော် အကြီးအကဲတွေကသိရှိပြီး ကျင်းပပေးတဲ့အတွက်    မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးနဲ့ ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားမယ့်  အန္တရာယ်ကကင်းဝေးပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

 

ဒေါ်ဧကရီဗိုလ်ဗိုလ်(အဆိုမဟာဂီတဝါသနာရှင်-ဒုတိယတန်း)ပထမဆု

စစ်ကိုင်းတိုင်းကလာရောက်ယှဉ်ပြိုင်တာပါ။ အဆိုမဟာဂီတမှာ ပထမဆုရရှိတာဖြစ်ပါတယ်။ ငါးနှစ်အကြာမှ   ပြန်လည် ကျင်းပပေးတဲ့အတွက်  ကျေးဇူးတင်ပါတယ်။ အဆိုပြိုင်ပွဲကို ၁၆ နှစ်လောက်ကတည်းက စပြိုင်လာတာ အခုဆို အနှစ် ၂၀ လောက်ရှိပါပြီ။ နောင်မျိုးဆက်သစ်တွေကိုလည်း ကိုယ်တတ်စွမ်းသရွေ့ပြန်လည်မျှဝေသွားမှာပါ။

 

မောင်ပိုင်ဖြိုးကို(အဆိုကာလပေါ်/ခေတ် ဟောင်းဝါသနာရှင်-ပထမတန်း)ပထမဆု

ချင်းပြည်နယ်ကိုယ်စားပြုလာရောက် ယှဉ်ပြိုင်တာပါ။ ခေတ်ဟောင်းနဲ့ ကာလ ပေါ်နှစ်မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယခင်က ဝါသနာရှင်ဒုတိယတန်း ကာလပေါ်မှာ ရွှေတစ်ဆု၊ အဆင့်မြင့်မဟာဂီတမှာ ရွှေတစ်ဆုရရှိခဲ့ဖူးပါတယ်။ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပေးတဲ့အတွက်   ကျွန်တော်တို့ရဲ့   မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရတွေကို  ပြန်လည်ဖော်ထုတ်နိုင်ခဲ့တယ်။   မျိုးဆက်သစ်တွေအတွက် အနှစ်သာရရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

 

မောင်ရဲလင်းကျော် (အဆိုဝါသနာရှင်ဒုတိယတန်းအဆင့်-အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်တင်ရေး သီချင်းဆိုပြိုင်ပွဲ)တတိယဆု

 

ရခိုင်ပြည်နယ် သံတွဲမြို့ကလာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ မဟာဂီတနဲ့ အမျိုးဂုဏ်ဇာတိဂုဏ်နှစ်မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးဂုဏ်ဇာတိဂုဏ်မှာ တတိယဆုရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပပေးဖို့   မျှော်လင့်ပါတယ်။  အနောက်တိုင်းဂီတလွှမ်းမိုးမှုက အတော်များလာတယ်။ လူငယ်တွေထဲမှာ စောင်းတို့၊ ပတ္တလားတို့ကို မသိတဲ့သူတွေများလာတယ်။

ဒီလိုပြိုင်ပွဲတွေကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲများကို ကျေးဇူးတင်ပါတယ်။

 

မမျိုးသန္တာအောင်(အကဝါသနာရှင် ဒုတိယတန်းပြိုင်ပွဲ) ဒုတိယဆု

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်တာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးပြီး  ထိန်းသိမ်းချင်တဲ့ လူငယ်တွေအတွက် ဒီပွဲကပညာတွေ များစွာရရှိပါတယ်။  မျိုးဆက်သစ်တွေအတွက်    အခွင့်အလမ်းကောင်းပဲဖြစ်ပါ တယ်။ (၂၃)ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလိုပွဲတွေနဲ့ ပါဝင် ယှဉ်ပြိုင်ချင်သေးတယ်။

 

ဦးအောင်သူ(အကပညာရှင်-မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု-မန်းရာမဇာတ်တော်ကြီးအဖွဲ့)ပထမဆု

ရာမနေရာကနေ သရုပ်ဆောင်ယှဉ်ပြိုင် ခဲ့တာပါ။     မန္တလေးတိုင်းဒေသကြီး ဇာတ်တော်ကြီး ပြိုင်ပွဲဝင်အသင်းအနေနဲ့ ပထမဆုရရှိခဲ့ပါတယ်။ ဇာတ်တော်ကြီးနဲ့ ပတ်သက်ပြီး ပညာရှင်တွေက အရမ်း နည်းပါးပါတယ်။ အရမ်းခက်ခဲခဲ့ရပါတယ်။ လူစုရတဲ့နေရာမှာလည်း   သူ့ရဲ့သွင်ပြင်နဲ့ ပုံသဏ္ဌာန်  စသည်ဖြင့် သေချာစိစစ်ရွေး ချယ်စုဖွဲ့လေ့ကျင့်ရပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဇာတ်တော်ကြီးတွေ၊ အဆို၊ အက၊ အရေး၊ အတီးမြန်မာ့ယဉ်ကျေးမှုပညာရှင်တွေ တော်တော်နည်းပါးလာပါပြီ။

နိုင်ငံတော်အနေနဲ့ ယခုလိုကျင်းပပေးတဲ့အတွက် ပညာရှင်တွေမွေးထုတ်လာနိုင်မယ်။ နောက်ပြီး ကျွန်တော်တို့အနုပညာရှင်တွေက ဒီလိုအချိန်ပဲ ပြန်လည်ဆုံတွေ့ရတာ ဖြစ်ပါတယ်။ အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်။

 

 

မမိုးပြည့်ပြည့်လျံ (တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ-မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု)ဒုတိယဆု

မွန်တိုင်းရင်းသားရိုးရာအကနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး   ဒုတိယဆုရရှိခဲ့တာဖြစ်ပါတယ်။ (၂၃)ကြိမ်မြောက်    မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပတဲ့အတွက်    မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို  ပြန်လည်ဖော်ထုတ်

ထိန်းသိမ်းခွင့်ရတယ်။ နောင်လည်းကျင်းပပေးဖို့ မျှော်လင့်ပါတယ်။  နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်တော့ ဒီလိုပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပပေးမယ်ဆိုရင် အခွင့်အလမ်းကောင်း တစ်ခုပဲလို့ မြင်ပါတယ်။

 

ဦးလှကြိုင်(ဝါသနာရှင်ပထမတန်းအရေးပြိုင်ပွဲ)ဒုတိယဆု

ရှမ်းပြည်နယ်ကိုယ်စားပြုလာရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပေးတဲ့အတွက်  ကျွန်တော်တို့အနေနဲ့  များစွာပျော်ရွှင်မိပါတယ်။ မျိုးဆက်သစ်တွေကိုလည်း မွေးထုတ်

ပေးနိုင်မယ်။ ကျွန်တော်တို့  တတ်သိထားတဲ့ ပညာရပ်တွေကိုလည်း ပြန်လည်မျှဝေနိုင်တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွက် ဒီလိုပြိုင်ပွဲက မဖြစ်မနေကိုရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာက မြန်မာ့ ရိုးရာယဉ်ကျေးမှုအစုံပဲ။ ဒါကြောင့်လည်း နှစ်စဉ်ကျင်းပသင့်တဲ့ ပြိုင်ပွဲလို့မြင်တယ်။ ဒါမှလည်း   မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ 

 

ဦးစိုးသိန်း (ဝါသနာရှင်ပထမတန်းအဆင့် စန္ဒရားအတီးပြိုင်ပွဲ)ဒုတိယဆု

ရခိုင်ပြည်နယ်ကိုယ်စားပြုလာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပတဲ့အတွက်တော့ နောင်အနာဂတ်လူငယ်တွေရဲ့မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်တွေကို ထိန်းသိမ်းရမယ်ဆိုတာ ပိုမိုသိမြင်လာပါတယ်။ နောက်နှစ်တွေမှာလည်း ယခုလိုပဲ ကျင်းပပေးဖို့  မျှော်လင့်ပါတယ်။

မျိုးဆက်သစ်တို့အတွက် အခွင့်အလမ်းကောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဇော်မျိုး(နေပြည်တော်)

ဓာတ်ပုံ-ကျော်လွင်