နိပါတ်တော်လာ ဇာတ်သဘင်မဟာ အစီအစဉ် အဖြစ်  ဥမ္မာဒန္တီ ဇာတ်တော်ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နိပါတ်တော်လာ ဇာတ်သဘင်မဟာ အစီအစဉ် အဖြစ်  ဥမ္မာဒန္တီ ဇာတ်တော်ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်  အောက်တိုဘာ  ၁၉

မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့်  စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာ ဗဟုသုတရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏   အနုပညာရသစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် နိပါတ်တော်လာ ဇာတ်သဘင်မဟာအစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ  ၂၂  ရက်မှစတင်၍ အပတ်စဉ် စနေနေ့ညတိုင်း  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါ ဥမ္မာဒန္တီဇာတ်တော် (အပိုင်း-၁)ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး  Art   Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစား ဝါးခယ်မစိန်မုန့်လုံး၏တီးခတ်မှုနှင့်အတူ တင်မောင်ဆန်းမင်းဝင်း၊ ဘွန်း၊ ရေကြည်ချမ်းမြ၊ ထက်ကို၊ ဆန်းနေအောင်တို့နှင့်အတူ  သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက် ကြမည်ဖြစ်သည်။

ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက် စနေနေ့ ည ၈ နာရီသတင်းအပြီး ည ၉ နာရီခန့်နှင့်  အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့ ည ၆ နာရီသတင်းအပြီး ည ၆ နာရီ ၁၅ မိနစ်ခန့်တို့တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။