၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများ၏ စကားသံများ

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများ၏ စကားသံများ

ဦးခင်မောင်လွင်(ရတနာပြပွဲဆိုင်ရာဥပဒေရေးရာဌာန)

အခုလိုပြပွဲတွေကျင်းပခြင်းဖြင့် နိုင်ငံ တော်အတွက်   အခွန်အခများရရှိမှာဖြစ် သလို မြန်မာနိုင်ငံမှာထွက်ရှိတဲ့ ကျောက် မျက်ရတနာများကို ကမ္ဘာကပိုပြီးသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ရတနာကုန်သည်တွေအတွက် အကျိုးအမြတ်တွေ ရရှိနိုင်မှာဖြစ်သလို သူတို့လက် အောက်မှာလုပ်ကိုင်နေတဲ့ ရတနာကုန်သည် အငယ်စားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေမှာဖြစ်ပါတယ်။

 

ဦးကျော်ရွှေ(ကျောင်းအုပ်ကြီး၊ ရွှေကြာပင်၊ကျောက်မျက်နှင့်   လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာသင်တန်းကျောင်း)

အခုကျင်းပတဲ့ပြပွဲမှာ သင်တန်းသား တွေလေ့ကျင့်ထုတ်လုပ်ထားတဲ့ လက်ရာ တွေကို လာရောက်ပြသတာ ဖြစ်ပါတယ်။ အခုလို  လာရောက်ပြသရတဲ့အတွက် ကျွန်တော်တို့သင်တန်းသားတွေရဲ့ လက်ရာ တွေကို ပြပွဲကိုလာရောက်လေ့လာကြတဲ့ ပြည်တွင်း၊ ပြည်ပက ဧည့်သည်တွေသိရှိနိုင် မှာဖြစ်တဲ့အပြင် သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့လည်း သူတို့သင်ယူတတ် မြောက်ထားတဲ့ စွမ်းဆောင်ရည်တွေကို ပြသခွင့်ရတဲ့အတွက် ပီတိဖြစ်ကြလိမ့်မယ် လို့ထင်ပါတယ်။ အခုလိုပြပွဲတွေကိုကျင်းပ တဲ့အတွက် နိုင်ငံတော်အတွက် ဝင်ငွေရရှိ မှာဖြစ်သလို  ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးတန်သဘာဝသယံဇာတတွေကို နိုင်ငံတကာကလည်း   ပိုမိုသိရှိနိုင်မှာ ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာလောက ဖွံ့ဖြိုးတိုးတက်ရေးကို  အများကြီးအထောက်အကူ ပြုလိမ့်မယ်လို့ထင်မြင်မိပါတယ်။

ဦးသက်ထွန်းဦး(Htun Jade & Jewellery)

ရန်ကုန်ကနေလာရောက်ပြသရောင်းချ တာဖြစ်ပါတယ်။ အခုပြပွဲကိုလာရောက်ပြီး လေ့လာဝယ်ယူကြတဲ့ နိုင်ငံခြားသားတွေ အထဲမှာ တရုတ်နိုင်ငံသားက အများစု ဖြစ်တဲ့အတွက် ကျောက်စိမ်းနဲ့ပတ်သက်တဲ့ လက်ဝတ်ရတနာတွေကို   အဓိကပြသ ထားပါတယ်။ ကျောက်စိမ်းနဲ့ပတ်သက် လာရင် တရုတ်လူမျိုးတွေက အကြမ်းထည် ဖြစ်ဖြစ်၊ အချောထည်ဖြစ်ဖြစ် အကုန်ကြိုက် ကြပါတယ်။ ကျောက်စိမ်းနဲ့ပတ်သက်တဲ့  တချို့အချောထည်လုပ်ငန်းတွေမှာဆိုရင် ကျွန်တော်တို့ထက်ပိုပြီး   ကျွမ်းကျင်တဲ့ အပိုင်းတွေရှိပါတယ်။    နိုင်ငံခြားသား ဧည့်သည်တွေ အခုထက်ပိုပြီးဝင်ရောက် လာမယ်ဆိုရင် ကျောက်မျက်ရတနာအချော ထည်တွေရော အကြမ်းထည်တွေပါ အခုထက်ပိုပြီး ရောင်းချရမှာဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့   ဧည့်သည်များများ ဝင်ရောက်လာအောင်  ယခုလိုရောင်းချ ပွဲများကိုစီစဉ်ပေးစေချင်ပါတယ်။

မရတီကျော်(သင်တန်းသူ၊ ရွှေကြာပင်၊ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှု နည်းပညာသင်တန်းကျောင်း)

အခုကျင်းပတဲ့ ကျောက်မျက်ပြပွဲကြီး မှာ ကျွန်မတို့သင်တန်းကျောင်းက ပြခန်း တစ်ခန်းဖွင့်လှစ်ပြသတဲ့အပြင်   လက်ရှိ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသား၊ သင်တန်းသူတွေကိုလည်း    ကျောက်မျက်ရတနာ အချောထည်နဲ့   အကြမ်းထည် တွေကို လက်တွေ့လေ့လာနိုင်ဖို့  စီစဉ်ပေးတဲ့အတွက်   လာရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ပြပွဲအတွင်းမှာ ခင်းကျင်းပြသထားတဲ့ ကျောက်မျက်ရတနာတွေကိုကြည့်ပြီး ကိုယ့်နိုင်ငံ အတွက်လည်း ဂုဏ်ယူမိပါတယ်။ သဘာဝသယံဇာတတွေဖြစ်တဲ့ ကျောက်မျက်ရတနာတွေကို ကုန်ကြမ်းအဆင့်နဲ့မဟုတ်ဘဲ ကုန်ချောအဆင့်ဖြစ်အောင် ထုတ်လုပ်ပြီး  ရောင်းချနိုင်မယ်ဆိုရင်  နိုင်ငံတော်အတွက် ဝင်ငွေပိုပြီးရရှိမှာဖြစ်သလို အဲဒီလို ကုန်ချောတွေ ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ လုပ်အားလိုအပ်မှာ ဖြစ်တဲ့အတွက်  အလုပ်အကိုင် အခွင့်အလမ်းတွေလည်း  ပိုပြီးရရှိလာမှာ ဖြစ်ပါတယ်။  ။

ပြည်ဖြိုး(မြဝတီ)