KNU/KNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

KNU/KNLA တပ်မဟာ()လက်အောက်ခံတပ်ရင်းများKKO (ခွဲထွက်)အဖွဲ့နှင့် NUG CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ အောက်တိုဘာ - ၂၁

          KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။           

ဖြစ်စဉ်မှာ KNU/KNLA တပ်မဟာ(၆) တပ်ရင်း(၁၇၊ ၁၈၊ ၂၇)မှ သောင်းကျန်းသူ များ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများသည် ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် သင်္ကန်းညီနောင်မြို့ စသည့် မြို့ကြီးများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေခံတပ် ဌာနချုပ်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာ၊ စခန်းများနှင့်လှုပ်ရှားစစ်ကြောင်းများအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်ပြည်သူများထံမှ ကြိုတင်သတင်းရရှိခဲ့သဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့လုံခြုံရေးများကို နေ့ညမပြတ်အသင့်စောင့်ဆိုင်း ဆောင်ရွက်ခဲ့သည်။ ထို့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များ နေ့ညမပြတ်အသင့် စောင့်ဆိုင်းလျက်ရှိစဉ် သောင်းကျန်းသူများနှင့် အကြမ်းဖက် သမားများက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့ အတွင်းသို့ အဝေးမှ စတင်ပစ်ခတ်ခဲ့ပြီး နံနက် ၈ နာရီ အချိန်ခန့်တွင် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

ကော့ကရိတ်မြောက်ဘက်ရှိ ခင်နိမ်းမူအိမ်ရာဂိတ်(၃)သို့လည်းကောင်း၊ အဘော ဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း၊ မြို့နယ် လမ်းမ ကြီးရှိ လမ်းလုံခြုံရေးနေရာများသို့လည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် အင်အား သုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ကြိုတင် စုဖွဲ့အသင့်ဖြစ်မှုတို့ကြောင့်လည်းကောင်း၊  တာဝန်သိပြည်သူများက တိုက်ပွဲ အတွင်းမှ သောင်းကျန်းသူနေရာများအား သတင်းပေးပို့မှု ကြောင့် လည်းကောင်း အကြမ်းဖက် သမားများ၏ဝင်ရောက်တိုက်ခိုက်မှုကို ဝန်ထမ်းအိမ်ရာ တစ်ဝိုက်မှလွဲ၍ ထိရောက် စွာတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် နံနက် ၁၀နာရီချိန်ခန့်တွင် သောင်းကျန်း သူများ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဝန်ထမ်းရပ်ကွက်အတွင်း ရောက်ရှိလာသော သောင်းကျန်းသူများမှာ အရပ်သားပြည်သူများ နေထိုင်နေသည့် လူနေအိမ် များအတွင်းမှ အရပ်သားပြည်သူများနှင့် အဆောက်အဦများကို အကာ ကွယ်ရယူကာ လူသားတံတိုင်းအဖြစ် အသုံးချတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် အများပြည်သူနှင့်လူနေအဆောက်အဦများကို ထိခိုက်မှုမရှိစေရေး ထိန်းထိန်း သိမ်းသိမ်း အကန့်အသတ်ဖြင့်တိုက်ခိုက်ရခြင်း၊ ဝိုင်းပတ် ချေမှုန်းနိုင်ရေး ဆောင်ရွက် ခဲ့ရခြင်းတို့ကြောင့် ညနေ ၃ နာရီခန့်မှသာ သောင်းကျန်းသူများ ဝန်ထမ်းရပ်ကွက် အတွင်းမှ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ကော့ကရိတ်မြို့၏ မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက် ပြေးလျက်ရှိသော အကြမ်းဖက် သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက လေကြောင်း၊ အမြောက် နှင့်သံချပ်ကာယာဉ်များ၏ ပစ်ကူရယူ၍ ထပ်ကြပ် လိုက်လံချေမှုန်းလျက်ရှိသည်။

အကြမ်းဖက်များ၏လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လတ်တလော သတင်းရရှိချိန်အထိလူနေရပ်ကွက် အတွင်းရှိနေ အိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး  အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက် အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့များအနေဖြင့် မြို့ရွာလုံခြုံရေး တပ်ဖွဲ့များကို အလစ်ငိုက်တိုက်ခိုက်ခဲ့သော်လည်း မြို့နေလူထု၏ အသေးစိတ် အချိန်မီ သတင်းပေးပို့ချက်အရ လိုအပ်သောအမြောက်၊ လေကြောင်းနှင့် သံချပ် ကာ ပစ်ကူများကိုတိကျထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း၊  လုံခြုံရေး အဖွဲ့များ၏ ရွပ်ရွပ်ချွံချွံဖြင့် တုန့်ပြန်တိုက်ခိုက်နိုင်ခြင်းတို့ကြောင့် ၎င်းတို့၏ အကြံအစည်            မအောင်မြင်ဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ကော့ကရိတ်မြို့အား ရန်သူ့လက်သို့ကျ ရောက်မည့်အန္တရာယ်နှင့် မြို့အား ရန်သူ၏ မီးလောင်တိုက်သွင်းမည့် အန္တရာယ်မှ တားဆီးကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။