နိုင်ငံတော်ကချမှတ်ပေးတဲ့ မူဝါဒတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လို  MSME လုပ်ငန်းရှင်တွေအချင်းချင်း အမြဲမပြတ် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

နိုင်ငံတော်ကချမှတ်ပေးတဲ့ မူဝါဒတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လို  MSME လုပ်ငန်းရှင်တွေအချင်းချင်း အမြဲမပြတ် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် MSME ကုန်ထုတ်လုပ်ငန်းရှင်များ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးကျော်စွာဝင်း(ဥက္ကဋ္ဌ၊ နေပြည်တော် MSME လုပ်ငန်းရှင်များအသင်း)

နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ MSME လုပ်ငန်းရှင် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ MSME ဆိုတာက ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကနေ လုပ်သားအင်အား ၂၀၀ အထိအသုံးပြုပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအထိ  အကျုံးဝင်ပါတယ်။ အဲဒါကြောင့် MSME လုပ်ငန်းရှင်စာရင်း ကို အတိအကျပြောဖို့တော့ ခက်ပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ MSME လုပ်ငန်းပေါင်း ၁၄၀၀ ဝန်းကျင်လောက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးအနေနဲ့ အခုလိုတွေ့ဆုံပွဲတွေ လုပ်ပေး တဲ့အတွက် လုပ်ငန်းရှင်တွေဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တစ်ခါတည်းတင်ပြခွင့် ရတယ်။ နိုင်ငံတော် အကြီးအကဲကလည်း ဒီအခက်အခဲတွေကို ဖော်ထုတ်ဆွေးနွေးပြီးတော့ နိုင်ငံတော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ညှိနှိုင်းပြီး  တစ်ထိုင်တည်း ဖြေရှင်းပေးတဲ့အတွက် ဒီလိုတွေ့ဆုံပွဲတွေကို များများလုပ်ပေးရင် နိုင်ငံတော်အတွက်ရော လုပ်ငန်းရှင်တွေအတွက်ပါ အများကြီး အကျိုးရှိလိမ့်မယ်လို့  ယူဆပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာရှိတဲ့ MSME  လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ် ရေးဦးစီးဌာနတို့နဲ့ချိတ်ဆက်ပြီး လစဉ် သင်တန်းဖွင့်လှစ်ပို့ချနိုင်ဖို့ ဆောင်ရွက်ပါမယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာရှိတဲ့  MSME လုပ်ငန်းရှင်တွေပူးပေါင်းပြီး ကျွန်တော်တို့လိုချင်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာအောင်  ဖန်တီးပါမယ်။ နိုင်ငံတော်ကချမှတ်ပေးတဲ့ မူဝါဒတွေနဲ့အညီ   ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လို MSME လုပ်ငန်းရှင်တွေအချင်းချင်း    အမြဲမပြတ်ထိတွေ့ဆက်ဆံပြီး  ပူးပေါင်းဆောင်ရွက်သွားဖို့ရည်မှန်းထားပါတယ်။

ဦးနေလင်းထက်(လုပ်ငန်းရှင်၊ အလင်္ကာအမှတ်တရပစ္စည်းနှင့် မြန်မာမှုပန်းပုအရောင်းပြခန်း)

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ကြို့ပင်သာကျေးရွာမှာ အလုပ်သမား ၁၀ ဦးခန့်နဲ့ လုပ်ငန်းတွေဆောင်ရွက် နေပါတယ်။ ထုတ်လုပ်တဲ့ ထုတ်ကုန်အမျိုးအစားပေါင်း ၁၂၀ ခန့်ရှိပါတယ်။ အဓိက အနေနဲ့ကတော့ သစ်တောထွက်စွန့်ပစ် ပစ္စည်းတွေကနေ တန်ဖိုးမြင့်ထုတ်ကုန်တွေ ဖြစ်လာအောင် ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပါ တယ်။ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့ တဲ့အတွက် ကျွန်တော်တို့လို MSME လုပ်ငန်းရှင်တွေအပေါ် မှာထားတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ စေတနာတွေကို သေသေ ချာချာသိခွင့် ရလိုက်ပါတယ်။ အခက်အခဲတွေကို သေသေချာချာနားထောင်ပေးပြီး ချက်ချင်းဖြေရှင်းပေးနိုင်တဲ့ ကိစ္စတွေကို ချက်ချင်းဖြေရှင်းပေးတဲ့အတွက်လည်း  အရမ်းကျေးဇူးတင်ပါတယ်။  ချက်ချင်း မဖြေရှင်းနိုင်သေးတဲ့ ကိစ္စတွေကိုလည်း နောင်တစ်ချိန်မှာ သေသေချာချာပြန်လည်ဖြေရှင်းပေးဖို့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို ညွှန်ကြားပေးတာတွေ့ရပါတယ်။  အခုလိုတွေ့ဆုံပွဲတွေကို မကြာ ခဏလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့လို MSME လုပ်ငန်းတွေသာမကဘဲ နိုင်ငံ တော်ရဲ့ စီးပွားရေးတိုးတက်ဖို့အတွက်ပါ  အများကြီးအထောက်အကူပြုနိုင်လိမ့်မယ် လို့ထင်ပါတယ်။

ဒေါ်နန်းခင်အုန်း(လုပ်ငန်းရှင်၊ NaRainDaRa Company Limited)

ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာ ခရိုင်ချင်းဆက်လမ်း အမှတ်(၆၀)မှာ စက်မှုဂရန်မြေ သုည ဒသမ ၅၃ ဧကနဲ့ လယ်မြေ သုည ဒသမ ၇၆ ဧက စုစုပေါင်း  ၁ ဒသမ ၂၉ ဧကပေါ်မှာ မျှစ်ခြောက်ကုန်ချောထုတ်လုပ်စက်ရုံ၊ မျှစ်လှန်းကွင်း၊  မျှစ်သိုလှောင်ရုံတွေ   တည်ဆောက်ထားရှိပြီး  မျှစ်ခြောက် ကုန်ချောတွေထုတ်လုပ်ပြီး  Export လုပ်နေပါတယ်။ ပို့ကုန်အမျိုးမျိုးတင်ပို့နေတဲ့အနက် မျှစ်ခြောက်တင်ပို့တဲ့လုပ်ငန်းကို အဓိကလုပ်ကိုင်နေပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ MSME လုပ်ငန်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုလိုဂရုတစိုက်နဲ့တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်း ပေးတဲ့အတွက် လုပ်ငန်းတွေရှေ့ဆက်လုပ်ကိုင်ဖို့အတွက်   ခွန်အားတွေ အများကြီးရခဲ့ပါတယ်။ အခုလို တွေ့ဆုံ ဆွေးနွေးပွဲတွေကို မကြာခဏလုပ်ပေးဖို့လည်း မျှော်လင့်မိပါတယ်။

ဒေါ်နန်းအေးအေးသိန်း (လုပ်ငန်းရှင်၊ မိုးသူဇာမုန့်တိုက်)

မုန့်လုပ်ငန်းအတွက်  လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေကို ပြည်ပကနေအဓိက တင်သွင်း နေရပါတယ်။ ဖြည်းဖြည်းချင်းတည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် FDA လျှောက်ထားတဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိပါတယ်။ ဒီနေ့တွေ့ဆုံပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ်က MSME လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို သေသေချာချာနားထောင်ပြီး တစ်ခုချင်းအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေများများ လုပ်ပေးဖို့ မျှော်လင့်

ပါတယ်။

ပြည့်ဖြိုး(မြဝတီ)