CNN International သတင်းဌာနမှ မေးမြန်းမှုကိုပြန်လည်ဖြေကြား

CNN International သတင်းဌာနမှ မေးမြန်းမှုကိုပြန်လည်ဖြေကြား

ဗိုလ်ချုပ်ဇော်မင်းထွန်းရှင့်-

    ကျွန်မကတော့ ဟောင်ကောင်အခြေစိုက် CNN International သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့    စန္ဒီစီဒူဖြစ်ပါတယ်။

မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၄ ရက်တုန်းက ကချင်ပြည်နယ်မှာ လုပ်တဲ့ နှစ်ပတ်လည်   အထိမ်းအမှတ်ပွဲတစ်ခုကို တိုက်ခိုက်မှုအပေါ်     ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လူကြီးမင်းတို့ထံက ထုတ်ပြန်ချက် သို့မဟုတ် ပြန်ကြားချက်ကို တောင်းခံလိုတဲ့အတွက် အခုစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်မှုတွေရှိပြီး အများအပြား သေဆုံးတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့အနေနဲ့ လက်နက်မဲ့ အရပ်သားတွေအပေါ် အင်အားအလွန်အကျွံ အသုံးပြုပြီး  တိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနဲ့  တာဝန်ခံဖို့ တောင်းဆိုထားကြောင်း ထုတ်ပြန်ထားပါတယ်။  ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး   ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာသိပါရစေ။ ကျေးဇူးတင်ပါတယ်။

-    သည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၄ ရက်နေ့က  နိုင်ငံပိုင် သတင်းမီဒီယာတွေက တစ်ဆင့်   သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါပြီ။ နိုင်ငံတော်ရဲ့    သတင်းထုတ်ပြန်ထားတဲ့ အကြောင်းအရာတွေကိုတော့  ခင်ဗျားဖတ်ပြီးလောက်ပြီ ထင်ပါတယ်။  ဖတ်ပြီး လောက်ရင်တော့ သည်မေးခွန်းကို ခင်ဗျား မေးမှာမဟုတ်ပါဘူး။  သည်သတင်းထဲ အကုန်ပါပြီးသားဖြစ်ပါတယ်။     ဒါက ကျွန်တော်ပြောချင်တဲ့ နံပါတ်တစ်အချက်ပါ။

-    ဒုတိယတစ်ချက်အနေနဲ့ ခင်ဗျားမေးတဲ့ မေးခွန်းဟာ ဘယ်အချက်အလက်ကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက် တရားဝင်ခိုင်မာလို့လဲလို့ မေးချင်ပါတယ်။

-    တတိယအချက်  ကောလာဟလ သတင်းတွေမှာပါတဲ့ ပြည်သူနဲ့ အနုပညာရှင်တွေသေဆုံးတယ် ဆိုတာ၊  သည်နေရာဟာ ဘယ်လိုနေရာလဲ။ အဲဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီး ရောက်ရှိလဲ။ တချို့ဓာတ်ပုံမှတ်တမ်းတွေဟာ   KIA ဝတ်စုံတွေနဲ့ ပျံ့နှံ့နေပါတယ်။  အဲတော့ သူတို့ကဘာလဲ။ အဲဒီနေရာမှာရောက်တဲ့ အနုပညာရှင် ဘယ်လောက်ရှိလို့လဲ။ နီးစပ် တဲ့ အသိုင်းအဝိုင်းက အသက်ရှင်သန်ဆဲလို့ ပြောနေတာတွေရှိပါတယ်။ အတည် မပြုနိုင်သေးတာကိုမေးတာလို့   ကျွန်တော် ထင်ပါတယ်။

-    စတုတ္ထအချက်  KIA ပြောရေးဆိုခွင့် ရှိသူကိုယ်တိုင်က ြောတယ်။  KIA ထိန်းချုပ်နယ်မြေလို့ သုံးနှုန်းပြောတယ်။  ဒါဆိုရင် သည်နယ်မြေဟာ ဘယ်လိုသူတွေ ရှိနေမလဲ။ KIA တပ်ဖွဲ့ဝင်တွေနဲ့အတူ PDF တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေပဲ ရှိတယ်။ ဒါလည်း  ကျွန်တော်တို့မှာ  အထောက်အထားရှိပါတယ်။ သည်နယ်မြေသည် KIA ရဲ့အပြောအရ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သား ပြည်သူကမှလည်း  သွားလို့မရဘူး။   သွားဖို့မလွယ်ဘူး။ ကံဆီးက သွားရင်တောင် ဘူဇာဒီး ရွာပျက် ဥရုမြစ်ချောင်းအတိုင်း ချောင်းဖျားအတိုင်း သွားရတယ်။ ဒေသအခေါ် ဥရာခချောင်းဖျား။ ဒါကိုဖြတ်ပြီးမှသာ လက်ရှိနေရာကိုရောက်မှာ။ ခင်ဗျားတို့ ကောင်းကင်ဂြိုဟ်တု ပုံတွေကြည့်ပါ။ သိနိုင်တယ်။ အဲဒီရဲ့ အဆောက်အဦကိုကြည့်ပါ။ ဂွမ်မော်ပြောတဲ့ ဈေးတန်း။ ဘာဈေးတန်းမှ မရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာ ဝယ်တယ်။ အောင်ဘာလေ(တန်ဂွန်း)ဈေးမှာ ဝယ်တယ်။ အဲဒီမှာ ဘာဈေးတန်းမှ မရှိဘူး။ ဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ပြောဆိုမှုတွေ အရင်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ ဘယ်ခရီးသွားမှ မရှိဘူး။ ဘူဇာဒီးရွာကျော်ပြီး ဘယ်ဒေသခံကမှ မသွားဘူး။  သွားတဲ့သူတွေက  ဘယ်သူတွေလဲ ခင်ဗျားစဉ်းစားကြည့်ပါ။

-    ပဉ္စမအချက်အနေနဲ့ ထုတ်ပြန်ထားမှုတွေအရ  KIA ရဲ့ တပ်မဟာမှူး အဆင့်ရှိသူ၊ တပ်ရင်းမှူး အဆင့်ရှိသူတွေအပါအဝင် PDF တွေ၊ NLD ရဲ့အဖွဲ့တွေပဲ ပါတယ်။ အဆင့်တွေ၊ အမည်တွေ၊ ရာထူးတွေ၊ အဖွဲ့အစည်းတွေရဲ့ အထောက်အထား ရှိပါတယ်။ အရပ်သား အမည်စာရင်းတောင် မပါဘူး။ ထူးခြားတာက NLD ပါတီဝင် အမည်အချို့၊ PDF အမည်အချို့တွေ့ရတော့ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ဆက်စပ်မှုရှိတယ်။ အကြမ်းဖက် လုပ်ငန်းတွေကို ပူးတွဲ လုပ်ဆောင်နေတာဟာ ထင်ရှားပါတယ်။ နောက်တစ်ချက်ကတော့ စစ်ကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေ နောက်ကွယ်က ဘယ်သူတွေပါသလဲ။

    ခင်ဗျားတို့ကြည့်ရင်သိပါမယ်။ KIA ဟာ စစ်ကိုင်းတိုင်း အတွင်းက PDF တွေကို လေ့ကျင့်ပေးရုံတင်မကဘူး၊ လက်နက်နဲ့ ခဲယမ်းတွေ၊ မိုင်းတွေကိုပါ ထောက်ပံ့ပတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိ လက်နက်တွေကို ကြည့်ရင်  KIA ထုတ် လက်နက်တွေက အများဆုံးပါပဲ။ မန္တလေးတိုင်း ဒေသဘက်ကမိတဲ့ လက်နက်တွေလည်း  KIA ထုတ်တွေချည်းပဲဖြစ်ပါတယ်။ နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှု တွေဟာများစွာရှိကြောင်း အချက်အလက်တွေရှိပါတယ်။ ဒါ့ကြောင့်   တပ်မတော် အနေဖြင့်    လိုအပ်တဲ့ စစ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် သည်အဖွဲ့တွေပဲ ကျွန်တော်တို့ရဲ့    နယ်မြေထိန်း စခန်းတွေဖြစ်တဲ့ အောင်ဘာလေရွာအနီးက စခန်းတွေကို ဝင်တိုက်တာတွေ ရှိပါတယ်။    လက်ရှိ Online ဓာတ်ပုံ အထောက်အထားတွေ ကြည့်ပါ။ ယူနီဖောင်းနဲ့ သေဆုံး၊ ဒဏ်ရာရပုံတွေ    တက်လာတာရှိတဲ့အတွက် အရပ်သားဆိုတာ မရှိပါဘူး။ အရပ်သား နေထိုင်ရာနေရာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

-    နောက်ဆုံး ဆက်စပ်ပြောချင်တာက တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားတွေ အပေါ်  တိုက်ခိုက်တာ မရှိဘူးလို့ပြောချင်တယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့်ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွားစဉ် DF က ဖမ်းဆီးခေါ်ဆောင်သွားတာရှိပါတယ်။  သည်သတင်းနဲ့ ဆက်စပ်ပြီး  အောက်တိုဘာလ ၁၉၊ ၂၀ မှာ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်နဲ့ ရွှေလှန်ကျေးရွာ တစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းလုပ်တယ်။ အဲဒီ KIA/PDF တွေနဲ့တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရှိပါတယ်။ နောက်ဆုံး ကျွန်တော်တို့ အဲဒီ အဖွဲ့တွေ   ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးတွေ၊   ကလေးသူငယ်တွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊       ကျေးရွာသား ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်။ အချို့ အဲဒီမှာ ၂ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ်ကလေးတွေပါတယ်။ အချို့ဆိုရင် ၇ လကနေ ၁နှစ်နီးပါး ချုပ်နှောင်ခံထား ရတာရှိပါတယ်။   ဒါကအနီးကပ်ဆုံး အဖြေပါ။ တပ်မတော်သည် အရပ်သား တွေကို တိုက်ခိုက်တာမရှိဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီးမှုကနေ ပြည်သူတွေကို ကယ်ထုတ်တာပဲ ရှိပါတယ်။

-    ခင်ဗျားမေးတဲ့မေးခွန်းကို ကျွန်တော်စုံလင်အောင် ပြောပြီးဖြစ်ပါတယ်။ တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားကို တိုက်ခိုက်တာ မရှိဘူး။ ယင်းမာပင်ဖြစ်စဉ်ကိုကြည့်ပါ။ ပြည်သူကို ကယ်တင်တာပဲရှိတယ်။  ကချင်ပြည်နယ် ဖားကန့်ဒေသဖြစ်စဉ်ဟာ  KIA တပ်မဟာ ၉ က ထိန်းချုပ်ထားတယ်လို့ သူတို့ ကိုယ်တိုင်ပြောထားတဲ့ နယ်မြေဖြစ်တယ်။ အချက်အလက်တွေအရ KIA ရဲ့ PDF အကြမ်းဖက်ဝင်တွေနဲ့ ဆက်နွှယ်သူတွေသာ ရှိတယ်။ ဒါကို တပ်မတော်အနေနဲ့ စစ်ဆင်ရေး လုပ်တာဖြစ်တယ်။ နှစ်ပတ်လည် အခမ်း အနားဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ အကြမ်းဖက်သမားတွေ စုစည်းရာနေရာဖြစ်လို့သာဖြစ်တယ်။ ဒါ့ကြောင့် စစ်ရေး လိုအပ်ချက်အရ   စစ်ဆင်ရေး ဆောင်ရွက်ခြင်းသာ ဖြစ်တယ်။ တပ်မတော်ဟာ ဖြစ်တည်မှု သမိုင်းစဉ်ကနေ လက်ရှိအခြေအနေအထိ အရပ်သားပြည်သူတွေအပေါ်  တိုက်ခိုက်တာမရှိကြောင်းနဲ့ မမှန်သတင်း ဖြန့်မှုအပေါ် ဖြေရှင်းစရာမရှိဘူးလို့ ပြောချင်တယ်။