တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် နေ့သင်တန်းများ အားလုံး ကျောင်းအပ် လက်ခံခြင်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁  ရက်အထိ လက်ခံဆောင်ရွက်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

ကြေညာချက်

 

၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂။    ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန