တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် နေ့သင်တန်းများ အားလုံး ကျောင်းအပ် လက်ခံခြင်းကို နိုဝင်ဘာ   ၁၈ ရက်အထိ လက်ခံ ဆောင်ရွက်ပေးမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

ကြေညာချက်

၁။  ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ  တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။  ကျောင်းအပ် လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ(စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

၂။   ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် ပထမနှစ်(ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန