(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၂၅

    (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀  ရက်အထိ ည ၆ နာရီခွဲမှ   ည ၁၁ နာရီအတွင်း ညစဉ်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ရာ ပထမ ၃ ရက်တွင် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အနုပညာရှင်များ စုပေါင်း၍ လည်းကောင်း၊    နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ အနုပညာရှင်များက လည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက လည်းကောင်း ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။

အဆိုပါ ပဒေသာကပွဲ၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV- HD ၊ MRTV Parliament Channel၊  MWD HD Channel ၊ MWD Variety HD Channel ၊ MRTV Web & App တို့တွင် ည ၆ နာရီခွဲမှ ည ၈ နာရီအထိနှင့် ည ၉ နာရီမှ ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ၍ တိုက်ရိုက် (LIVE)   ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် ည ၈ နာရီသတင်း ထုတ်လွှင့်ချိန်ဖြစ်သော ည ၉ နာရီအထိ ဖျော်ဖြေခဲ့သည့် အစီအစဉ်များကို ယင်းရုပ်သံလိုင်းများတွင် နောက်တစ်နေ့ ညနေ ၄ နာရီ သတင်းပြီးချိန်မှ ည ၆ နာရီအတွင်း Delay ပြသသွားမည်ဖြစ်သည်။