တောင်ကိုရီးယားတွင် လူ ၅၃၆၉ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

တောင်ကိုရီးယားတွင် လူ ၅၃၆၉ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

    တောင်ကိုရီးယားနိုင်ငံတွင် လူ ၅၃၆၉၈ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ၂၅ ရက်တွင်ထုတ်ပြန်သည်။

    နိုင်ငံအတွင်း၌ ရောဂါပိုးထပ်မံ ကူးစက်မှုများသည် နိုဝင်ဘာ၂၄ ရက် သန်းခေါင်ယံ အချိန်တွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါတစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးစက် ခံရသူဦးရေမှာ စုစုပေါင်း၂၆၈၃၇၈၄၀ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံအတွင်း ဆက်လက် ဖြစ်ပွားနေသည့်  ရောဂါပိုးကူးစက်မှုသည် ယခင်နေ့များထက်စာပါက ကျဆင်းလာခြင်း ဖြစ်ကြောင်း ကိုရီးယားရောဂါပိုး ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီကပြောသည်။

    ရောဂါပိုးထပ်မံ ကူးစက်ခံရသူများအနက် ၃၉ ဦးမှာ ပြည်ပတွင် ကူးစက်ခံရသူများ ဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်မှုကြောင့် လူ ၅၅ ဦး သေဆုံးခဲ့ခြင်းကြောင့် သေဆုံးသူဦးရေမှာ စုစုပေါင်း ၃၀၂၇၈ ဦး အထိ မြင့်တက်လာကြောင်း သိရသည်။