အင်ဒိုနီးရှား ငလျင်အတွင်း သေဆုံးသူ အရေအတွက်မှာ ၃၁၀ ဦး အထိမြင့်တက်

အင်ဒိုနီးရှား ငလျင်အတွင်း သေဆုံးသူ အရေအတွက်မှာ ၃၁၀ ဦး အထိမြင့်တက်

    အင်ဒိုနီးရှားနိုင်ငံ  အနောက်ဂျာဗား ပြည်နယ်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၁၀ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင် အဖွဲ့က နိုဝင်ဘာ၂၅ ရက်တွင်  ထုတ်ပြန်သည်။

    ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၅ ရက် တွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊  ထို့ကြောင့်  သေဆုံးသူဦးရေမှာ ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း အမျိုးသား သဘာဝဘေးစီမံ ခန့်ခွဲမှုအေဂျင်စီအဖွဲ့မှ အကြီးအကဲဖြစ်သူ ဆူဟာယာနိုက သတင်းစာ ရှင်းလင်းပွဲတစ်ခု တွင်ပြောကြားသည်။ ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသများသို့  အကူအညီပေးရေး  ပစ္စည်းများကို အဆက်မပြတ်ပေးပို့လျက် ရှိကြောင်း ၎င်းကဆက်ပြောသည်။

    ငလျင်လှုပ်ခတ်မှုအတွင်း စာသင်ကျောင်း ၃၆၃ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၄၄ ခု၊ အစိုးရရုံး ၁၆ ရုံးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အဆောက်အအုံသုံးခု ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ငလျင်လှုပ်ခတ်မှုအတွင်း နေအိမ် စုစုပေါင်း ၅၆၃၁၁ လုံး ပျက်စီးသွားခဲ့ပြီး  ၂၄  ဦး ပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီအဖွဲ့က ထုတ်ပြန်ထားသည်။