အကြမ်းဖက်သမားကိုးဦးအား ပါကစ္စတန်ကသီးခြားစီဖမ်းဆီးနိုင်ခဲ့

အကြမ်းဖက်သမားကိုးဦးအား ပါကစ္စတန်ကသီးခြားစီဖမ်းဆီးနိုင်ခဲ့

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း    ပန်ဂျပ်ပြည်နယ်တွင် လုပ်ဆောင်သည့် စစ်ဆင်ရေးအတွင်း  အကြမ်းဖက် သမားကိုးဦးအား သီးခြားစီ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးဌာန(CTD)က ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းပေးချက်အရ ပြည်နယ်အတွင်းရှိ အကြမ်းဖက်သမားများကို  ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများသည် နိုင်ငံအတွင်းရှိ အရေးပါသည့်လူပုဂ္ဂိုလ်များ၊     အစိုးရ အဆောက်အအုံများနှင့်  လုံခြုံရေးအရ အထိအခိုက်မခံသည့် အဆောက်အအုံများကို  အဓိကထား တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း CTD က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့သည် အကြမ်းဖက်သမားများအား ဖမ်းဆီးရာတွင် ၎င်းတို့နှင့်အတူ ဖောက်ခွဲရေးပစ္စည်း၊ ဒီတိုနေတာများနှင့် အခြားဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများအား   ဖမ်းဆီးနိုင်ခဲ့ပြီးနောက် စစ်ဆေး မေးမြန်းရန်အတွက်  ကြိုးပမ်းလျက်ရှိကြောင်း  ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

Ref: NNN