တောင်ကိုးရီးယားတွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျ၊ ငါးဉီးသေဆုံး

တောင်ကိုးရီးယားတွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျ၊ ငါးဉီးသေဆုံး

တောင်ကိုရီးယားနိုင်ငံ  အရှေ့ဘက်ကမ်းရှိ ယန်ယန်ခရိုင်တွင် နိုဝင်ဘာ ၂၇ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူငါးဦးသေဆုံးသွားကြောင်း   မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ှ-၅၈ွှ  အမျိုးအစား အဆိုပါရဟတ်ယာဉ်သည်  ဒေသစံတော်ချိန်  နံနက် ၁၀နာရီ မိနစ် ၅၀ တွင် တောင်တန်းတစ်ခု အပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

အမေရိကန်လုပ် ယင်းရဟတ်ယာဉ်သည် ပျက်ကျပြီးနောက် မီးလောင်ပျက်စီး သွားကြောင်း၊   လောင်ကျွမ်း ခဲ့သည့်မီးအား   မီးသတ်တပ်ဖွဲ့က   တစ်နာရီခန့်ကြာ   ငြှိမ်းသတ်ခဲ့ရကြောင်း   သိရသည်။

ရဟတ်ယာဉ်ပေါ်တွင် အသက် ၇၁ နှစ်အရွယ်လေယာဉ်မှူးနှင့် ၅၄ နှစ်အရွယ်ရှိစက်ပြင်ဆရာနှစ်ဦးသာ လိုက်ပါလာသည်ဟု ကနဦးယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့က   ရုပ်အလောင်းသုံးလောင်းကို   ထပ်မံရှာဖွေခဲ့ခြင်း ဖြစ်သည်။

အဆိုပါသုံးဦးတွင်  အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။ ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref: Yonhap, Xinhua