ယွမ် ၄၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် (၆)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ကူမင်းသွင်းကုန်၊ ပို့ကုန်ပြပွဲ

ယွမ် ၄၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် (၆)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ကူမင်းသွင်းကုန်၊ ပို့ကုန်ပြပွဲ

တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပသည့် (၆)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် ကူမင်းသွင်းကုန်၊ ပို့ကုန်ပြပွဲ၌ ယွမ် ၄၀၀ ဘီလီယံကျော်(ဒေါ်လာ ၅၆ ဒသမ ၃ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံမည့်စီမံကိန်း စုစုပေါင်း ၁၆၉ ခုကို အကောင်အထည်ဖော်ဆောင်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၁၉ ရက်တွင် လက်မှတ်ထိုးနိုင်ခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊    ခေတ်မီစိုက်ပျိုးရေး၊  အဆင့်မြင့်ကုန်ထုတ်လုပ်ရေးနှင့် ပစ္စည်းကိရိယာနှင့် ဇီဝဆေးဝါးသစ်များ ထုတ်လုပ်ရေးအပါအဝင် အဓိကအားဖြင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ   စက်မှုလုပ်ငန်း  ၁၂  ခုကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

(၆)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆)ကြိမ်မြောက် ကူမင်းသွင်းကုန်၊ ပို့ကုန်ပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှစတင်၍ လေးရက်ကြာဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်းမှလည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

ကူမင်းမြို့၌ကျင်းပသည့် ယင်းပြပွဲအခမ်းအနား၌ မြန်မာနိုင်ငံမှစီးပွားရေးကုမ္ပဏီသုံးခုကပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသို့ နိုင်ငံ၊ ဒေသနှင့်အဖွဲ့အစည်းပေါင်း ၈၀ မှ လေ့လာကြည့်ရှုခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အသစ်များအတွက် အခွင့်အလမ်းအသစ်များ အကြောင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

Ref: Xinhua,Chinese Embassy