(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၂၈

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာ ကပွဲ(တတိယနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ  လဟာပြင် ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။

ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ နှင့် ၎င်းင်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှု ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူ များ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်နှင့် ဂီတတို့မှ အနုပညာရှင်များက ပဏာမဧည့်ခံ ဂီတသံ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်၊ “တောသူအချစ်”၊ “မေတ္တာနုနုစေလိုသူ”၊ “ရောင်စုံမမ”၊ “ဟေ့ အချစ်”၊ လွတ်လပ်ရေး နေ့ ဂုဏ်ပြုပဏာမတေး တစ်ပုဒ်ဖြစ်သည့် “ပြည့်ရတနာ”၊ “ကံ့ကော်မျက်ရည်”၊ “မိတော့ မိတယ်”၊ “မျက်လုံးချင်းစကားပြောနေပြီ”၊ “ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်” တေး သီချင်းတို့ဖြင့် လည်းကောင်း၊ “ပြန်လည်ဆုံ တွေ့ကြရာဝယ်” နှစ်သံတစ်ကိုယ်တင်ဆက် မှုဖြင့်လည်းကောင်း၊ “ဗာရာဏသီ”တစ်ခန်းရပ်ပြဇာတ်ဖြင့် လည်းကောင်း၊ “ပြန်ပေးပါရစေ အသည်းလေးတစ်မြွှာ”၊  “အချိန်ရမှ နားထောင်ပါ၊ “အချစ်နတ်ဆိုးလေး”၊ “ပြန်လာခဲ့ပါ”၊ “ကချင်မြေကို လာပါ”၊ “ရုံးတော်လွှတ်တော”}တေးသီချင်းတို့ဖြင့် လည်းကောင်း၊ “ရွှေစွန်ညို”တေးသရုပ်ဖော် ကပြဖျော်ဖြေမှုဖြင့် လည်းကောင်း၊ “ဘယ်သူဆရာကြီးလဲ” ပြဇာတ်ဖြင့် လည်းကောင်း၊  “သောကတောင်တန်း”၊ “ယောသူတို့ရွာ”၊ တေးသီချင်းတို့ဖြင့် လည်းကောင်း၊ “အညာမိသွားတဲ့ အညာသားလေး” တေးသရုပ်ဖော်၊ ကရင်ပြည်နယ်    ဒုံယောင်ဖူးကျော်ဇာတ်အဖွဲ့၊   စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအနားသတ် အစီအစဉ်တို့ဖြင့် လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။

အဆိုပါပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်၍ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီက ကြီးမှူးပြီး နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည  ၁၁ နာရီအတွင်း  ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။