ကျောက်ဆည်မြို့နယ်၌ ကုန်ကျစရိတ်သက်သာသည့် အာဆီယံသပြေ စိုက်ပျိုးရောင်းချသူ များပြား

ကျောက်ဆည်မြို့နယ်၌ ကုန်ကျစရိတ်သက်သာသည့် အာဆီယံသပြေ စိုက်ပျိုးရောင်းချသူ များပြား

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်၌ အာဆီယံသပြေတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ  အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများမှုကြောင့် တောင်သူ အများစုသည်  စပါးကို အဓိကထားစိုက် ပျိုးကြပြီး  ယာမြေများနှင့်  ကိုင်းကျွန်းမြေ များတွင် ဟင်းသီးဟင်းရွက်မျိုးစုံ၊  သီးပင် စားပင်မျိုးစုံနှင့်    ပန်းမျိုးစုံ စိုက်ပျိုးကြရာ အာဆီယံသပြေ  စိုက်ပျိုးသူများအနေဖြင့် ရောင်းချရာတွင်   ဈေးနှုန်းသင့်တင့်ခြင်း၊ တာရှည်ခံခြင်းနှင့် အောင်အတိတ်၊ အောင် နိမိတ်ပန်းဖြစ်ခြင်းတို့ကြောင့် နေ့စဉ်ရောင်းချ ရကြောင်းနှင့် စိုက်ပျိုးရာတွင်   မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစု နည်းပြီး     ကုန်ကျစရိတ်သက်သာခြင်း၊ နှစ်ရှည်ပင်ဖြစ်ခြင်းတို့ကြောင့်  စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပန်းစိုက်ပျိုးခြင်းကို ပင်တလည်၊ ထားဝယ်၊ ပြည်ပန်း ကျေးရွာတို့၌ အများအပြားစိုက်ပျိုးကြပြီး  ဇော်ဂျီ၊ ပန်းလောင်၊  စမုံ မြစ်ကမ်းဘေးရှိ  မြေနုကျွန်းများနှင့်    ယာမြေတချို့၌လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း   သိရ သည်။