ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အမေရိကန်၏ HIMARS စနစ်ကိုတုံ့ပြန်နိုင်မည့် ဆော့ဝဲအသစ်ရရှိ

မော်စကို၊ စစ်လက်နက်ပစ္စည်း

ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အမေရိကန်၏ HIMARS စနစ်ကိုတုံ့ပြန်နိုင်မည့် ဆော့ဝဲအသစ်ရရှိ

ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အမေရိကန်၏ ရွေ့လျားနိုင်စွမ်းမြင့်မားသော အမြောက်ဒုံးပစ်စနစ်များ (HIMARS) ကိုတုံ့ပြန်နိုင်မည့် ဆော့ဝဲအသစ်ကို ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆော့ဝဲအသစ်ကြောင့် hfHIMARS စနစ်မှပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို အလွယ်တကူခြေရာခံလိုက်ကာ ဖျက်ဆီးနိုင် တော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဘက်အကြီးအကဲတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းတပ်ဖွဲ့များအနေဖြင့် မူလကဆိုဗီယက်ခေတ်ကျန်လက်နက်များကိုအသုံးပြုနေရာမှ ယခုအခါ HIMARS ဒုံးကျည်များ အပါအဝင် NATO တပ်ဖွဲ့ကထောက်ပံ့ပေးထားသော စစ်လက်နက်များကို ပြောင်းလဲအသုံးပြုလာကြောင်း ဇာပိုရိုရှီးဒေသ၌ စစ်ဆင်ရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် လက်ရှိတွင် ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဆော့ဝဲအသစ်ရရှိထားပြီဖြစ်သည့်အတွက် HIMARS ဒုံးကျည်များ၏အန္တရာယ်ကိုမမှုတော့ကြောင်း၊ ၎င်း၏တပ်ဖွဲ့အနေဖြင့် ထိုဒုံးကျည် ၁၀ စင်းကိုပစ်ချထားနိုင်ကြောင်း၊ လေးစင်းမှာ ပြီးခဲ့သည့်လတွင်ပစ်ချထားနိုင်ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆက်ပြောသည်။

ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးဆင်နွှဲပြီးနောက် အမေရိကန်အစိုးရက ယူကရိန်းအစိုးရကို ဒေါ်လာ ၁၉ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးထားပြီးဖြစ်သည်။

ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုက ယခုကဲ့သို့စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းသည် ပဋိပက္ခကိုသာ ရှည်ကြာစေ မည်ဖြစ်ကြောင်း ရုရှားအစိုးရက သတိပေးထားသည်ဟု သိရသည်။

Ref: RT