2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ Professional ကစားသမားများ လက်ရည်စစ်ပွဲအောင်မြင်

နေပြည်တော်  ဒီဇင်ဘာ ၃

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ Professional ကစားသမားများ လက်ရည်စစ်ပွဲအောင်မြင်

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာ Professional ကစားသမား များဖြစ်ကြ သည့် ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုးနှင့် ကျော်သက်ဦးတို့သည် လက်ရည်စစ်ပွဲအောင်မြင်ပြီး 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

လက်ရည်စစ်ပွဲကို ထိုင်းနိုင်ငံ Kabinburi Sport Club, Prachinburi တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲအားကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ဘိုဘိုလေး၊ ဇော်ဇော် လတ်၊ သီဟဌေး၊ စိုးမိုးဝင်းနှင့် ရန်မျိုးအေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဘိုဘိုလေးက စုစုပေါင်းရိုက်ချက် ၂၈၉ ချက်၊ ဇော်ဇော်လတ် က စုစုပေါင်းရိုက်ချက် ၂၉၀ ချက်နှင့် သီဟဌေးက စုစုပေါင်းရိုက်ချက် ၂၉၉ ချက်တို့ဖြင့် ပထမအဆင့် လက်ရည်စစ်ပွဲကို အောင်မြင် ခဲ့ကြသည်။

2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ နောက်ဆုံးအဆင့်ကို ထိုင်းနိုင်ငံ  Watermill Golf Club & Resort, Nakhon Nayok တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုး၊ ကျော်သက်ဦး၊ ဇော်ဇော်လတ်နှင့် ဘိုဘိုလေးတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရဲထက်အောင်က စုစုပေါင်း ရိုက်ချက်၂၈၆ ချက်ဖြင့် အဆင့်၂၀ တွင်လည်းကောင်း၊ သီဟဌေးက စုစုပေါင်းရိုက် ချက် ၂၈၇ ချက်ဖြင့် အဆင့် ၂၂ ဖြင့်လည်း ကောင်း၊ အောင်ဆန်းမျိုးနှင့်ကျော်သက်ဦးက စုစုပေါင်းရိုက်ချက် ၂၈၈ ချက်ဖြင့် အဆင့်  ၂၇ ပူးတွဲဖြင့်လည်းကောင်း နောက်ဆုံး အဆင့် လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံတို့မှ ပထမအဆင့်တွင် ကစား သမား ၁၄၃ ဦးနှင့် နောက်ဆုံးအဆင့်တွင် ၁၂၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၄၃ ဦး သာ လက်ရည်စစ်ပွဲအောင်မြင်၍ 2023 All Thailand ဂေါက်သီးရိုက်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

ယခုလက်ရည်စစ်ပွဲ အောင်မြင်ခဲ့သော ကစားသမားများသည် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (Myanmar Golf Tour) များတွင်လည်း ဆုများရရှိခဲ့ကြသော ကစားသမားများဖြစ်ကြောင်း သိရှိရသည်။

MGF Golf