တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ အားကစား

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် အားကစားကွင်း၌ ဒီဇင်ဘာ ၂  ရက်က အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မသန်စွမ်းအားကစားသမား ၆၀ ဦးတို့က အားကစားကွင်းတစ်ပတ် စုပေါင်းလမ်းလျှောက်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများက မသန်စွမ်းအားကစားသမား ၆၀ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့်  ဆုတံဆိပ်တစ်ခုစီ  ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားနည်းအလိုက် ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများက  အမျိုးသမီး အသက် ၁၅ နှစ်အောက် ၇၅ မီတာ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသား အသက် ၁၅ နှစ်အောက် ၇၅ မီတာ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်  တတိယ ဆုရရှိသူများ၊  အမျိုးသမီးအသက် ၁၅ နှစ်အထက် ၇၅ မီတာ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသား အသက် ၁၅ နှစ်အထက် ၇၅ မီတာ အပြေးပြိုင်ပွဲတွင် ပထမ၊ဒုတိယနှင့်  တတိယဆုရရှိသူများ၊  အမျိုးသမီး အသက် ၁၅ နှစ်အောက် Softball ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသား အသက် ၁၅ နှစ်အောက်  Softball  ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသမီး အသက် ၁၅ နှစ်အထက် ှသ်အဘေူူပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ အမျိုးသား အသက် ၁၅ နှစ်အထက်  Softball   ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆု ငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် ဝန်ထမ်းများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

(၄၀၅)