ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘော ၅၄ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘော ၅၄ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန် ဒီဇင်ဘာ ၄

ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘော ၅၄ စင်း ဆိုက်ကပ် ကုန်သွယ် မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။

ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ Sealand Maersk Asia သင်္ဘောလိုင်းမှ ကိုးစင်း၊ R.C.L သင်္ဘောလိုင်းမှ သုံးစင်း၊ P.I.L သင်္ဘောလိုင်းမှ သုံးစင်း၊ I.A.L သင်္ဘောလိုင်းမှ  သုံးစင်း၊ Samudera သင်္ဘောလိုင်းမှခုနစ်စင်း၊ New Golden Sea (Cosco)  သင်္ဘောလိုင်းမှ  ခုနစ်စင်း၊ S.I.T.C သင်္ဘောလိုင်းမှ  လေးစင်း၊ Ever Green သင်္ဘောလိုင်းမှ  သုံးစင်း၊ Land and Sea သင်္ဘောလိုင်းမှတစ်စင်း၊ M.S.C သင်္ဘောလိုင်းမှ ငါးစင်း၊ T12 Container သင်္ဘောလိုင်းမှ နှစ်စင်း၊ X-Press Feeders သင်္ဘောလိုင်းမှ သုံးစင်း၊ Bayline သင်္ဘောလိုင်းမှ နှစ်စင်းနှင့်  BLPL  သင်္ဘောလိုင်းမှနှစ်စင်း စုစုပေါင်းသင်္ဘောလိုင်း ၁၄ လိုင်းမှ သင်္ဘော ၅၄ စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးသင်္ဘော ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၄၈ စင်း၊ မတ်လတွင် အစင်းရေ ၅၀၊ ဧပြီလတွင် ၅၂ စင်း၊ မေလတွင် ၅၄ စင်း၊ ဇွန်လတွင် ၅၃ စင်း၊ ဇူလိုင်လတွင် ၄၉ စင်း၊ သြဂုတ်လတွင် ၅၅ စင်း၊ စက်တင်ဘာလတွင် ၅၅ စင်း၊ အောက်တိုဘာလတွင် အစင်းရေ ၅၀၊ နိုဝင်ဘာလတွင်  ၅၁  စင်း  ဆိုက်ကပ် ကုန်သွယ်ခဲ့ပြီး  ဒီဇင်ဘာလတွင် သင်္ဘော ၅၄ စင်း ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။

စောယု