တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိ

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိ

ကော့သောင်း၊ ရေထွက်ကုန်

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ    ၁၅၇ သန်းကျော်ရရှိပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပြည်ပသို့ တနင်္သာရီတိုင်းဒေသကြီးမှ တိုက်ရိုက်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၃၃၉၁၅ ဒသမ ၃၄၆ တန် တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ   ၁၄၃ ဒသမ ၁၃၇ သန်းနှင့် ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပတင်ပို့မှု အနေဖြင့် မက်ထရစ်တန်ချိန် ၂၂၀၅ ဒသမ ၂၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၉၂ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၁၃၆၁၂၀ ဒသမ ၅၇၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၇၂၉ သန်းရရှိထားကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ်စ ဧပြီလက ရေထွက် ကုန်မက်ထရစ်တန်ချိန် ၂၂၉၉၂ ဒသမ ၉၉  တန် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂၁ ဒသမ  ၄၃၂ သန်း၊ မေလက ရေထွက်ကုန်မက်ထရစ်တန်ချိန် ၂၂၀၆  ဒသမ ၁၉၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄  ဒသမ ၂၅၈ သန်း၊ ဇွန်လက ရေထွက်ကုန်မက်ထရစ်တန်ချိန်   ၉၁၃၅ ဒသမ ၄၆၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃  ဒသမ  ၂၉၁  သန်း၊  ဇူလိုင်လက ရေထွက်ကုန်မက်ထရစ်တန်ချိန် ၁၅၃၉၃ ဒသမ ၈၅၄ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၃၆၂ သန်း၊ သြဂုတ်လက  ရေထွက်ကုန်မက်ထရစ်တန်ချိန် ၁၈၉၈၅ ဒသမ ၀၀၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၂၈ သန်း၊ စက်တင်ဘာလက ရေထွက်ကုန်မက်ထရစ်တန်ချိန် ၂၂၃၇၄ ဒသမ ၈၅၈ တန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၄၅၈ သန်း၊ အောက်တိုဘာလက ရေထွက်ကုန်မက်ထရစ်တန်ချိန် ၂၁၉၂၃ ဒသမ ၆၆၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၄၄ သန်း၊  နိုဝင်ဘာလက ရေထွက်ကုန်မက်ထရစ်တန်ချိန် ၂၃၁၀၈ ဒသမ ၅၅၁ တန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ  ၂၅  ဒသမ  ၆၅၆  သန်းရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်း၊ ကဏန်းပျော့၊ ခုံး စသည့်ရေထွက်ကုန်များကို ထိုင်းနိုင်ငံသို့ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်းရနောင်း  နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြဝတီစစ်ဆေးရေးစခန်းတို့မှ တိုက်ရိုက်တင်ပို့ပြီး နိုင်ငံပေါင်း ၄၀ နီးပါးသို့   ရန်ကုန်မြို့မှတစ်ဆင့်  သင်္ဘောဖြင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

စောယု