(၂၅)ကြိမ်မြောက် တပ်မတော်ဘောလုံး ဒိုင်လူကြီးများ အာစရိယပူဇော်ပွဲနှင့် ဒိုင်လူကြီးဟောင်းများ တွေ့ဆုံပွဲကျင်းပ

(၂၅)ကြိမ်မြောက် တပ်မတော်ဘောလုံး ဒိုင်လူကြီးများ အာစရိယပူဇော်ပွဲနှင့် ဒိုင်လူကြီးဟောင်းများ တွေ့ဆုံပွဲကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၄

(၂၅)  ကြိမ်မြောက်    တပ်မတော် ဘောလုံးဒိုင်လူကြီးများ အာစရိယ ပူဇော်ပွဲနှင့်    ဒိုင်လူကြီးဟောင်းများ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံမြို့နယ်  ခရေပင်လမ်းခွဲရှိ ရန်ကုန်တိုင်း အားကစားကွင်း၌ ကျင်းပရာ တပ်မတော်ဘောလုံးကော်မတီ၊  အပြည်ပြည်ဆိုင်ရာ  ဘောလုံးဒိုင်လူကြီးများ၊ အပြည်ပြည်ဆိုင်ရာ ဖူဆယ်ဒိုင်လူကြီးများ၊ တပ်မတော်ဘောလုံးဒိုင် ဆရာကြီး(အငြိမ်း စား)များနှင့် ဒိုင်လူကြီးဟောင်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ဘောလုံး ဒိုင်အဖွဲ့အား  စတင်တည်ထောင်ခဲ့သော ဗိုလ်ကြီးတင်အောင်(ငြိမ်း)က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် အခမ်း အနားတက်ရောက်လာကြသူများက ကန်တော့ခံ ဆရာကြီးများအား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။

ဆက်လက်ပြီး ဆရာကြီးလှမြင့်လတ် (ငြိမ်း)က ကန်တော့ခံဆရာကြီးများအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး   အာစရိယ ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဗိုလ်ကြီး ကိုလေး(ငြိမ်း)က ဂါရဝပြုစကား ပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက ကန်တော့ခံဆရာကြီး ၂၃ ဦးအား တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှင့် ကန်တော့ခံ ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ၂၀၂၂ ခုနှစ်အတွက် အတိုးတက်ဆုံး ဒိုင်လူကြီးဆုရရှိသော   ဒုတိယ တပ်ကြပ် သူရိန်လင်းအား  ဆရာကြီးဘရီ (ငြိမ်း)က ဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကန်တော့ခံဆရာကြီး  ဗိုလ်မှူးအေးမင်းမောင်(ငြိမ်း)က သြဝါဒစကားပြောကြားပြီး အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စား ဗိုလ်မှူး စိုးမြင့်အောင်(ငြိမ်း)က အကြံပြု အမှာစကားပြောကြားကြောင်း သိရသည်။