KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကသာမြို့နယ်၊ မြေနုကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး

KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကသာမြို့နယ်၊ မြေနုကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ - ၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ အတွင်းရှိ မီးရှို့ဖျက်ဆီးပြီး ကျေးရွာအရှေ့ဘက်သို့   ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်း၊  အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ် ၁၆၀ လုံး ရှိသည့်အနက် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် အကြမ်းဖက်သမား အလောင်းအချို့၊ အမ် ၂၂ သေနတ် ၁ လက်၊ ၎င်း ကျည် ၄၀ တောင့်၊ ကျည်အိမ် ၂ ခု နှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။