တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာမှာ အထောက်အကူပြု အသုံးဝင်တဲ့ လေထဲကနေ Bambi Bucket အသုံးပြုပြီး မီးငြှိမ်းသတ်နိုင်တဲ့ စနစ်ဟာ အသင့်ရှိနေပြီဖြစ်ကြောင်း ဂုဏ်ယူစွာပြောကြားလိုပါတယ်

တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာမှာ အထောက်အကူပြု အသုံးဝင်တဲ့ လေထဲကနေ Bambi Bucket အသုံးပြုပြီး မီးငြှိမ်းသတ်နိုင်တဲ့ စနစ်ဟာ အသင့်ရှိနေပြီဖြစ်ကြောင်း ဂုဏ်ယူစွာပြောကြားလိုပါတယ်

    ရွှေဝါရောင်လွှမ်းသော အမိမြန်မာပြည်ကို    အပြာရောင် မိုးကောင်းကင်ထက်မှ ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်(လေ)သည် (၇၅)နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖ ြစ်ပါတယ်။  ခေတ်အဆက်ဆက်က တပ်မတော်(လေ)၏ သမိုင်းသည် ကမ္ဘာတည်သရွေ့ တည်တံ့နေလျက်ရှိပါတယ်။ တပ်မတော်(လေ)သည် နည်းပညာ စွမ်းရည်ထက်မြက်အောင် လုပ်ဆောင်မှုနှင့်အတူ စွမ်းရည်ပြည့်ဝလျက် ရှိသော လေသူရဲကောင်းများကို မွေးထုတ်ပေးလျက်ရှိပြီး ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် တပ်တော်ဝင် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ လေသူရဲကောင်းများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ယခုလို ဖော်ပြလိုက်ရပါတယ်။

ဒုတိယဗိုလ်မှူးကြီးအေးမင်းမောင် (လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြပျံသန်းခြင်း ဆပ်ကော်မတီ)

    ယခုအခမ်းအနားမှာ တပ်တော်ဝင်မယ့် အသစ်ဝယ်ယူထားတဲ့ လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားတွေကတော့ KA-28 ရဟတ်ယာဉ်၊  Y-8F 200 WB သယ်ယူပို့ဆောင်ရေး လေယာဉ်၊ K-8W အမောင်းသင်ဂျက်လေယာဉ်၊   FT-7 ဂျက်တိုက်လေယာဉ်၊  FTC-2000G အပေါ့စားဂျက်တိုက်လေယာဉ်နှင့် Su-30 SME ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်တို့ဖြစ်ပါတယ်။  FTC-2000G လေယာဉ်ပြသခဲ့တဲ့ စွမ်းရည်များ အနေနဲ့ High Speed Flight  ရန်သူ့ဘက်မှ  တန်ပြန်ပစ်ခတ်လာနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်များကို ရှောင်ရှားပျံသန်းရာမှာ အသုံးပြုတဲ့ Combat  Turn လို့ခေါ်တဲ့ လေယာဉ်အား ရေပြင်ညီအနေအထားမှ ညာဘက်သို့ရုတ်ခြည်းကွေ့၍ ဆွဲတင်ရတဲ့ စစ်ကစားမှုပုံစံ၊  Level 8 လို့ခေါ်တဲ့ အင်္ဂလိပ်အက္ခရာ   "8"  ပုံသဏ္ဌာန်အား ရေပြင်ညီကွေ့ဝိုက်ပျံသန်းခြင်း၊    မိမိလေယာဉ်နောက်မှ   ထက်ကြပ်မကွာ လိုက်လာတဲ့ရန်သူကို လှည့်စားတဲ့အနေနဲ့ ဘယ် သို့မဟုတ်  ညာသို့  Aileron  Roll ပြုလုပ်ကာ စစ်ကစားမှုပြုလုပ် ပျံသန်းခြင်းနဲ့ Maximum Banking Turn တို့ပဲဖြစ်ပါတယ်။

Su-30 လေယာဉ်ပြသခဲ့တဲ့ စွမ်းရည်များအနေနဲ့     Tail Slide လို့ခေါ်တဲ့ ဒေါင်လိုက် ပျံတက်သွားတာဖြစ်ပြီး အမြန်နှုန်း Zeroသို့လျှော့ချကာ အောက်သို့ဒေါင်လိုက်ပြန်လည်လျှောကျတဲ့  ပုံစံပျံသန်းခြင်း၊ Flap Spin လို့ခေါ်တဲ့  ရေပြင်ညီ အပြားလိုက် လည်ကျနေတဲ့ ပုံစံပျံသန်းခြင်း၊  လိုအပ်တဲ့အမြင့်သို့   အမြန်ဆုံး တက်ရောက်လိုတဲ့ အချိန်မှာသော်လည်းကောင်း၊   အမြန်နှုန်း လျော့နည်းနေချိန်မှာ လေယာဉ်ရဲ့ ဦးတည်ရာ လမ်းကြောင်းကို ရုတ်ခြည်း ပြောင်းလဲလိုတဲ့အချိန်မျိုးမှာသော် လည်းကောင်း အသုံးပြုရတဲ့ Zoom & Dive with 90H Maneuver ပျံသန်းခြင်း၊ မိမိလေယာဉ်ရဲ့နောက်က အနီးကပ်လိုက်ပါလာတဲ့ ရန်သူ့လေယာဉ်ကို မိမိရဲ့မြင်ကွင်း၊ ပစ်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိစေပြီး   အမြန်ဆုံးပြန်လည် တိုက်ခိုက်နိုင်တဲ့ စစ်ကစားမှုပုံစံဖြစ်တဲ့ High AOA Roll နဲ့ Slow Flight  ပျံသန်းခြင်းနဲ့ Maximum Banking Turn & Loop for Landing  တို့ဖြစ်ပါတယ်။

(၇၅)နှစ်မြောက်   စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ တပ်တော်ဝင် အခမ်းအနားမှာ လေယာဉ်ပျံသန်းမှုများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   နေ့စဉ်ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြရပါတယ်။

ဒုတိယဗိုလ်မှူးကြီးအောင်မြင့်သိန်း(Bumbi Bucket  စွမ်းရည်ပြသခြင်း)

    ကျွန်တော့်အနေနဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ တပ်တော်ဝင်အခမ်းအနားမှာ လေယာဉ်/ရဟတ်ယာဉ်များ အမျိုးအစား စုံလင်စွာနဲ့ အုပ်ဖွဲ့ပျံသန်းခြင်း၊ စွမ်းရည်သရုပ်ပြ ပျံသန်းခြင်းတွေထဲက   Mi-17ရဟတ်ယာဉ်ကို မောင်းနှင်ပြီး စံချိန်ကိုက် စွမ်းရည်သရုပ်ပြ ပျံသန်းခြင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေ့သရုပ်ပြပျံသန်းမှုမှာတော့ Mi-17ရဟတ်ယာဉ်တစ်စင်းနဲ့ ရေဂါလန် နှစ်ရာဝင်ဆံ့တဲ့ Bambi Bucket ကိုချိတ်ဆွဲပြီး Point Target တစ်ခုပေါ်မှာ လောင်ကျွမ်းလျက်ရှိတဲ့ မီးတောက်ကို အပေါ်မှ ပျံသန်းငြှိမ်းသတ်ခြင်း စွမ်းရည်သရုပ်ပြ ပျံသန်းမှုကိုပြုလုပ်ခဲ့တာ  ဖြစ်ပါတယ်။  တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရာမှာ အထောက်အကူပြု အသုံးဝင်တဲ့လေထဲကနေ Bambi Bucket အသုံးပြုပြီး မီးငြှိမ်းသတ်နိုင်တဲ့ စနစ်ဟာ အသင့်ရှိနေပြီဖြစ်ကြောင်း  ဂုဏ်ယူစွာ ပြောကြားလိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးတင်ဝင်းအောင်(မိုးဟိန်းအုပ်ဖွဲ့ခေါင်းဆောင်)

     ကျွန်တော့်အနေနဲ့ အုပ်ဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။   ကျွန်တော်တို့အုပ်ဖွဲ့မှာ PC-7 လေယာဉ်တစ်စင်းနဲ့ Y-12 IV လေယာဉ် နှစ်စင်းတို့နဲ့ Composite Arrow Headပုံသဏ္ဌာန်နဲ့ အုပ်ဖွဲ့ပျံသန်း အလေးပြုသွားမှာ ဖြစ်ပါတယ်။ တပ်မတော်(လေ)အတွက် မျိုးဆက်သစ်လေသူရဲများ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုပျံသန်း သရုပ်ပြနိုင်ဖို့အတွက် အမျိုးအစား မတူညီတဲ့ လေယာဉ်နှစ်မျိုး အုပ်ဖွဲ့ပျံသန်းရမှာ ဖြစ်တာကြောင့် အချင်းချင်း ညှိနှိုင်းတိုင်ပင်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ကြိုတင်ဆောင်ရွက် ခဲ့ရပါတယ်။  ယခုလို (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာပါဝင် ပျံသန်းခွင့်ရတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

ဗိုလ်မှူးကျော်ဇင်ဦး (ပျံလွှားအုပ်ဖွဲ့ခေါင်းဆောင်)

    (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အုပ်ဖွဲ့ အုပ်ခေါင်းဆောင်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ တပ်မတော်(လေ)က   စမ်းသပ်ထုတ်လုပ်ထားတဲ့ MTX- 1A လေယာဉ်အပါအဝင် PT-6  အမောင်းသင်လေယာဉ်    ၁၅ စင်းနဲ့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Fig-urative Formation    လို့ခေါ်တဲ့  ၇၅ ဂဏန်းနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုခဲ့တာဖြစ်ပါတယ်။   (၇၅)နှစ်မြောက်  စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ အုပ်ဖွဲ့ခေါင်းဆောင် တစ်ဦးအနေနဲ့ဟန်ချက်ညီညီ အချိန်ကိုက် ပျံသန်းနိုင်ခြင်းနဲ့အတူ စွမ်းရည်ပြသခွင့်ရခဲ့တဲ့အတွက်   များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်မှူးကျော်စွာတင်လေး (ကြိုးကြာအုပ်ဖွဲ့ခေါင်းဆောင်)

    ကျွန်တော့်အနေနဲ့  နိုင်ငံတော်အလံ ချိတ်ဆွဲပျံသန်းတဲ့ ကြိုးကြာအုပ်ဖွဲ့မှာ အုပ်ဖွဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ခေါင်းဆောင် Mi-17 ရဟတ်ယာဉ်တစ်စင်းက နိုင်ငံတော်အလံကို ချိတ်ဆွဲပြီး Mi-35 P ရဟတ်ယာဉ်သုံးစင်းတို့က တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)အလံတွေကို ချိတ်ဆွဲလျက် Composite Trail Formation ခေါ် အတန်းလိုက်အုပ်ဖွဲ့ ပုံသဏ္ဌာန်ပုံစံနဲ့ အုပ်ဖွဲ့ပျံသန်းသွားမှာဖြစ်ပါတယ်။ ဒီလိုပျံသန်းသရုပ်ပြနိုင်ဖို့အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွေကိုပြုလုပ်ခြင်း၊ သရုပ်ပြပျံသန်းမှုမှာပါဝင်တဲ့   အုပ်ဖွဲ့များအလိုက် ညှိနှိုင်း အစည်းအဝေးများ ပြုလုပ်ခြင်းနဲ့ လက်တွေ့ပျံသန်း လေ့ကျင့်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေအပေါ် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ပေါင်းစပ်ညှိနှိုင်း သုံးသပ်ပြီး ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။

အခုလိုတပ်တော်ဝင် အခမ်းအနားမှာ အုပ်ဖွဲ့ခေါင်းဆောင်တစ်ဦး အနေနဲ့ နိုင်ငံတော်အလံနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများကို သယ်ဆောင်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပျံသန်းအလေးပြုခွင့် ရတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ကြုံတောင့်ကြုံခဲဖြစ်တဲ့ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တာဝန်ပေးအပ်ခံရပြီး တစ်တပ်တစ်အား ပါဝင်အစွမ်းပြသခွင့် ရရှိခဲ့တဲ့အတွက်လည်း များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်ကြီးဖြိုးသူအောင် (Hoist စွမ်းရည်ပြသခြင်း)

    ဒီနှစ်အခမ်းအနားမှာ  အရင်နှစ်များနဲ့ မတူဘဲ Eurocopter ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက Hoist နဲ့ဆင်းသက်ပြီး မြေပြင် သို့မဟုတ် ရေပြင်ပေါ်က ဒဏ်ရာရစစ်သည်တစ်ဦးအား ကူညီကယ်ဆယ်ခြင်းကို သရုပ်ပြ ပျံသန်းခဲ့ပါတယ်။ သရုပ်ပြပျံသန်းနိုင်ဖို့အတွက် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်း၊  လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့   သရုပ်ပြ ပျံသန်းနိုင်ရေးနဲ့ အချိန်ကိုက်ဆောင်ရွက်နိုင်ရေးကို အဓိက လေ့ကျင့်ခဲ့ပါတယ်။    အခမ်းအနားမှာ ဟန်ချက်ညီညီ   အချိန်ကိုက်ပျံသန်း၍ စွမ်းရည်ပြသခွင့်ရတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

ဗိုလ်ဒေါ်နှင်းနုနုထွေး (မုန်တိုင်းအုပ်ဖွဲ့)

    ဒီနေ့အခမ်းအနားမှာ ကျွန်မက မုန်တိုင်းအုပ်ဖွဲ့မှာ ပါဝင်ပျံသန်းခဲ့ပါတယ်။ Compo-site Box Formation ပျံသန်းမှာဖြစ်ပြီး ကျွန်မတို့ Mi-2M ရဟတ်ယာဉ် အပါအဝင် Bell-206 ? H-120 နဲ့ H-125 စတဲ့ ရဟတ်ယာဉ်လေးစင်းနဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုသွားမှာဖြစ်ပါတယ်။ အခုလိုပျံသန်းနိုင်ဖို့အတွက် ဦးစီး လေသူရဲရဲ့ လမ်းညွှန်ချက်တွေအတိုင်း    စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း၊ အုပ်ဖွဲ့အတွင်း ဆွေးနွေးတိုင်ပင်ခြင်း၊ ဘေးအန္တရာယ်ကင်းစွာ လက်တွေ့ပျံသန်းခြင်းများကို ဟန်ချက်ညီညီ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်    အဓိကလေ့ကျင့်ခဲ့ပါတယ်။   ကြုံတောင့်ကြုံခဲ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားမှာ အမျိုးသမီးလေသူရဲတစ်ဦး အနေနဲ့ ပျံသန်းခွင့်ရခဲ့တဲ့ အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။    ။